Thursday 5 January 2012

အဇ္ဈတ္တမြစ်ပွားနာ



ဘဝတစ်ခုအတွင်းမှာ
အပြစ်ကင်းစွာနေထိုင်ဖို့အရေး
လေးသံကိုနားထောင်ရင်း
စားသောက်ရတဲ့အစားအစာ
တကယ်အာဟာရဖြစ်ပါ့မလား…
တထိတ်ထိတ်တလန့်လန့်နဲ့
ကျောကလေးဆန့်ဖို့တောင် နေရာမရှိတဲ့ဒေသ
နေသင့်တဲ့ဌာနဟုတ်ပါ့မလား  ….
ဘုရာမပြီးခင်မှာ ငြမ်းပျက်ခဲ့ပေမယ့်
ထမ်းပင့်ပေးခဲ့တဲ့ပခုံးမှာ
ဖိနပ်ရာတွေကအစီအရီ …
နေရောင်ခြည်က နွေးရမယ့်အစား
အပေါ်ယံအရေပြားကိုဖောက်လို့
အတွင်းရောက်အောင်ကျွမ်းခဲ့တယ်…
အမျှင်မပြတ်တဲ့ဆက်နွယ်မှုတွေမှာ
ဒါ ကင်ဆာ ဆိုတာသိရတော့
အားလုံးနောက်ကျနေပြီပေါ့ …
ဖြတ်ထုတ်လို့လည်းမရ
ပယ်ဖျက်ဖို့လည်းမလွယ်
ခီမို ပေးရမယ်တဲ့လား ….
စိတ်မှာဖြစ်တဲ့မြစ်ပွားနာ
ဓါတ်ရောင်ခြည်ဘယ်လိုပေးမှာလဲ
နည်းလမ်းရှာဆဲ ..ရှာနေဆဲ ……

ပျိုးယုဝသုန်
02:12:43 AM
05-01-2012
Thursday (BNE)

No comments: