ရွက်ကြွေတွေလေမှာလွင့်တော့ပြစ်တင်ပြောဖို့စိတ်စောကြတယ်..
လေနှင်ရာလွင့်တာခြင်းအတူတူ တိမ်တွေကပိုမြင့်မြတ်သလား..
မလုံတဲ့ခေါင်မိုးကမိုးရွာတာကိုအပြစ်တင်သတဲ့..
နွေတပြိုက်မိုးတစ်ပြိုက်မှာမှိုတွေလည်းမလိုက်နိုင်ရှာတော့ဘူး…
အစိမ်းရင့်ရောင်တောင်တန်းတွေကအဖြတ်ခံရတဲ့ဆံပင်တွေအတွက်ငိုပွဲဖွဲ့ကြတယ်..
ကောင်းကင်က မငိုတော့မြေပြင်ကလူတွေအူမစိုတာမဆန်းပါဘူး …
တာရှည်ခံအစားအစာနဲ့အမြန်စာတွေကြားကသက်ရှိတွေဟာ“လူသား”လား ..
ဖြစ်တည်လာမှုအသစ်အသစ်တွေအတွက်ဖန်ဆင်းရှင်ကိုကျေးဇူးတင်ရမှာလား..
တိုးတက်လာတဲ့လောကမှာမီးဖိုချောင်ဟာအလှပြ ပြခန်းဖြစ်ပြီလား …
တိုးတက်ခြင်းနောက်မှာကပ်ပါလာတဲ့ဆုတ်ယုတ်ခြင်းကို ခေတ်မီတယ်လို့ခေါ်တာလား …
အိမ်ထောင်ဦးစီးမဟုတ်တော့တဲ့အိမ်ရှင်ထီးတွေနဲ့အိမ်ရှင်မစစ်စစ်မဟုတ်ကြသူတွေ
အမေအဖေကိုစောင့်ကြိုချင်တဲ့ကလေးတွေ ..
ပြည့်စုံခြင်းကိုရှာဖွေရင်းမပြည့်စုံမှုကိုရနေသူတွေ …
အင်္ကျီနွမ်းပေမယ့်ထမင်းလက်ဆုံစားနိုင်သူတွေ..
နောက်ဆုံးပေါ်ဝတ်ဆင်ရင်းဆိုင်ထမင်းနဲ့ပြီးရသူတွေ …
နာကျင်ခြင်းဆိုတာ ကြင်နာခြင်းနဲ့ကုမှပျောက်တာပါ …
ရင်ဘတ်နဲ့ကျောပြင်ကြား နှလုံးသားတစ်ခုဟာ နာကျင်မှုတခုထဲအတွက်မဖြစ်သင့်ပါဘူး…
ကောက်လှိုင်းတီမုန့်ထန်းသီးမုန့်နဲ့ မက်ဒေါ်နယ်က ဘာဂါ ..ဘယ်ဟာပိုလတ်ဆတ်မယ်ထင်ပါသလဲ
မိုးရွာတဲ့နွေရာသီ .. အပူလှိုင်းဖြတ်တဲ့ဆောင်းဥတု … မိုးမရှိတဲ့မိုးတွင်း ..
ခြားနားခြင်းတွေကြားမှာတရားခံရှာဖို့ခက်နေဆဲ ….
ပျိုးယုဝသုန်
12:12:43 AM
07-01-2012
Saturday ( BNE )
No comments:
Post a Comment