နွေမိုးတစ်ဖြိုက်
စိုးလှိုက်ရင်ပူ
ဘဝင်ဆူသည်
ဘယ်သူကူလို့ငြိမ်းမှာလဲ …
ငြိမ်းသူမဲ့မီး
တညီးညီးလောင်
သောကဘောင်ကာ
ဝင်္ကဘာထဲ
ထွက်လမ်းဖွေဆဲပိတ်ခဲ့သည်…
ရှေ့မှာတံတိုင်း
နောက်လည်းဆိုင်းကာ
ဘယ်မှာကြည့်ကြည့်
လမ်းသာရှိလည်း
လျောက်ဆဲလမ်းပျောက်နေကြသူ….
ပျိုးယုဝသုန်
3:51:38PM
30-01-2012
20 comments:
ထွက်ရပ်ပေါက်သောလမ်း
နေပူလာခိုက်
အိပ်မငိုက်ဘူး
စိတ်ပုတီးနှင့်
ရိပ်ကြီးခိုသည်
ဝသုန့်ရင်တွင်
ပျင်းပြဆန္ဒ
မြင်ချင်လှပြီ။
အုန်း..၀ုန်း ဒိုင်း ဂွမ်း
ခပ်ကြမ်းကြမ်းနဲ့
စူးရှမြည်သံ
အလင်းပြန်ကာ
စိတ်တွင် ထင်ရှား
ပြတ်သားလာပြီ
အလင်းတန်းတွေ့
ဂဏန်းတွေ့ပြီ။
မယ်တော်ဝသုန်
အားထုတ်ပုံကြောင့်
ထွက်ရပ်ပေါက်လမ်း
ခပ်ဆန်းဆန်းကို
ပျက်ပျက်ထင်ထင်
တွေ့မြင်လေပြီ
နာမည် အတော်ကြီးတော့မည်။
(ဟီးဟီး..နောက်တာ)
လူနောက် ... ဟမ်း... သူများကဗျာကိုလာဖျက်နေဒယ်
ဟင်.. အခုမှသိလား..
အခုမှ မှားပါပြီ မလုပ်နဲ့ ဟားဟား
2010 လောက်တုန်းက ဘိုကလေးဈေးလမ်းဖက်က BMW ဆိုတဲ့ ဖက်ရှင်ရှော့ပ် မှာ ပျိုးယုဝသုန် ဆိုတဲ့ အရမ်းချောတဲ့ မိန်းကလေးတစ်ယောက်ကိုတွေ့ဖူးခဲ့တယ်..
B n' W က ၂၀၀၅ နောက်ပိုင်းမှာဆက်ပြီးမဖွင့်တော့ပါဘူးရှင်..
ဂဏန်းတွေ လွှဲကုန်တာကိုး ပိတ်လိုက်တာပေါ့။ ၂၀၀၅ မှာ အာရုံတွေ မကောင်းတော့ဘူး ဒါကြောင့်.. :P :P
၂၀၀၄ မှာဆူနာမီဖြစ်သွားတာကိုးကွယ်.. အဟက်.. ဒီဇင်ဘာမှာလေ...
ဝသုန့်ကဗျာရော..
ကော်မန့်ထဲက ကဗျာရေး အရမ်းကောင်းတယ်။
ဝသုန့်ကဗျာဖတ်ပြီး တရားရသလိုလို ဖြစ်နေတုန်း ကိုစိုးထက်ကဗျာဖတ်ပြီး ရီလိုက်ရတာ.. :)
ခင်မင်စွာဖြင့်
မြတ်
2001 နဲ့..2010 မှားရေးလိုက်မိတာဗျာ..
အဲ..ပျိုးယုဝသုန်ကို ဗျူတီ မဂ္ဂဇင်းက ကိုဆွေဆိုတဲ့တစ်ယောက်နဲ့ပါတ်သက်ပြီးတွေ့ဖူးတာပါ...
ကိုဆွေတော့ဆုံးရှာပြီဗျ...
အို..ကိုဆွေဆုံးပြီလား.. ကျွန်မရန်ကုန်ရောက်တိုင်းကိုဆွေ့ကိုရှာကြည့်သေးတယ်..စိတ်မကောင်းလိုက်တာရှင်.. ကျွန်မသူ့ကိုအရမ်းခင်တာ...
ရိုးရိုးရှင်းရှင်း ကဗျာလေးကို ခံစားသွားပါတယ်ဗျာ...
ခင်မင်လျက်
နေ၀သန်
ဟုတ်တယ်ဗျ..
ကိုဆွေက ဗျူတီ မဂ္ဂဇင်းကနေထွက်ပြီး အင်းလေးက ဟော်တယ်တစ်ခုမှာ မန်နေဂျာသွားလုပ်တယ်...အဲ့ဒီမှာပဲ ဆုံးတယ်ကြားတာပဲ..သူ့ညီစာရေးဆရာတစ်ယောက်ရှိသေးတယ်..ဒါပေမယ့် အဆက်အသွယ်ပြတ်သွားပါပြီ..
ကျွန်တော့်ကိုလည်း မပျိုးယုဝသုန် မှတ်မိမယ်မထင်ပါဘူး..ဒီလိုဗျ..
ကိုဆွေက ကျွန်တော့်အမျိုးသမီးကို B n' W မှာ အလုပ်ရဖို့ ကိုဆွေက ပြောပေးတယ်...ဒီလိုနဲ့ကျွန်တော့်အမျိုးသမီး မပျိုးယုဝသုန်ဆီမှာ အလုပ်လုပ်ရော...သူ့ကို ကျွန်တော့်အလုပ်က တစ်ခါသွားကြိုဖူးတယ်...အဲ့ဒီမှာမပျိုးယုဝသုန်ကိုတစ်ခါပဲတွေ့ဖူးတာပါ...နာမည်တော့ ကျွန်တော့်အမျိုးသမီးပြောလို့ ခဏခဏကြားဖူးတာပေါ့...ကျွန်တော့်အမျိုးသမီးကိုလည်း မှတ်မိတော့မယ်မထင်ပါဘူး...သူ့နာမည်က မခင်နှင်းဆွေ ပါ...
ဘလော့ခ်တစ်ခုမှာ မပျိုးယုဝသုန်ရဲ့နာမည်ကိုတွေ့တာနဲ့ချက်ခြင်းမှတ်မိတယ်..ဒီနာမည်က နှစ်ယောက်မှမရှိနိုင်တာပဲ..ဟုတ်တယ်မလား...
မှတ်မိပါတယ်ရှင်.. မခင်နှင်းဆွေကရှမ်းအမျိုးသမီးလေ...ကျွန်မအကို့ကိုလည်းမှတ်မိပါတယ်..ကိုဆွေ့အကြောင်းကိုကြားရတာ အင်မတန်စိတ်မကောင်းဖြစ်ရတယ်.. ဗျူတီကနေကိုဆွေအလုပ်ထွက်သွားတဲ့အထိသိပါတယ်..နောက်တော့အဆက်အသွယ်ပြတ်သွားတယ်..ပေးထားတဲ့ဖုန်းမှာလည်းမရှိတော့ဘူးလေ...ခုမှသူဆုံးသွားတယ်ဆိုတာသိရတာ...
မခင်နှင်းဆွေကိုလည်းပြောပေးပါရှင်..ကျွန်မသတိမကြာခဏရနေပါတယ်..ဘယ်လိုဆက်သွယ်ရမှန်းမသိလို့ပါ..
အေးဗျာ...
ကျွန်တော်တို့ကို မှတ်မိတယ်ဆိုတာ အရမ်းလည်းအံ့သြတယ်..
ဝမ်းလည်းသာမိတယ်...
ကျွန်တော့်အမျိုးသမီးကိုလည်းပြောလိုက်ပါ့မယ်..
ခဏလောက်ပဲဆုံဖူးခဲ့ကြပေမယ့် ဆယ်စုနှစ်တစ်ခုကျော်လာတဲ့ထိ မှတ်မိနေတာ ကျေးဇူးပါဗျာ..
တကယ်လို့ရန်ကုန်ရောက်ခဲ့ရင်လည်း သူ(ခင်နှင်းဆွေ)ဆီကိုဖုန်းဆက်နိုင်ပါတယ်..
အလုံမှာရှိပါတယ်...(01-214380 နဲ့ 0943118203) မှာသူရှိနေပါတယ်...
မပျိုးယုဝသုန် ဖုန်းဆက်လာရင်သူအရမ်းအံ့သြမှာ သေချာပါတယ်
ဟုတ်ကဲ့..သေချာကိုဆက်သွယ်လိုက်ပါ့မယ်ရှင်..ကျွန်မကိုခုလိုမှတ်မိတာကိုလည်းကျေးဇူးတင်ပါတယ်..
ဒီနာမည်မျိုးက နှစ်ယောက်မှမရှိနိုင်တာကိုးဗျ...
ဟုတ်ကဲ့.. :)
ပ၀ါမကူ
ရေမရှူကြေး
ဇဗ္မူတလွှား
လူသိများတဲ့
ဝသုန်မမ
လက်မောင်းကြွလျှက်
စိန်ခေါ်လိုက်သံ
ဘ၀ဂ်ညံသည်
ငါဟဲ့ မိန်းမ
နိုးတူး ၀သုန်ကွ။
ူသူပြောမှပဲ ကိုယ့်ကိုယ်ကိုယ် ကြိုးဝိုင်းထဲက ဗလ ကြီးကြီးနဲ့ပုံကို မြင်ယောင်မိတယ်... ခွိစ် ... တော်တော်လှမှာ....
Post a Comment