Thursday 19 January 2012

တိုဟူးကောင်းကောင်းကျိုကြမယ်..




၁။         ဇလုံ(သို့) ခွက်ထဲကို ပဲမှုန့် ကို 250 ml ခွက်နဲ့ ၂ ခွက်ချိန်ထည့်ပါမယ်..

၂။         ရေကို 250 ml ခွက်နှင့် ၅ခွက်ထည့်ပါမယ်..

၃။         ဆား လက်ဖက်ရည်ဇွန်း ၃ပုံ ၁ပုံ ထည့်ပါမယ်…

၎။          သကြားကိုလက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပါမယ်..

၅။         Soda အမှုန့် လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံထည့်ပါမယ်…

၆။         အရောင်အတွက်နနွင်းမှုန့်အနည်းငယ်ထည့်ပါမယ် …

၇။          အားလုံးကိုသေသေချာချာမွှေပေးရပါမယ်… Blander ထဲကိုထည့်မွှေနိုင်ရင် ပိုကောင်းပါတယ်.. ပြီးတော့ဇကာစိပ်စိပ်နဲ့စစ်ချလိုက်ပါမယ်..

၈။         ရလာတဲ့ပဲအနှစ်ရည်တွေကိုအိုးထူထူထဲမှာထည့်ပြီးမီးအမြင့်နဲ့၎မိနစ်အဆက် မပြတ်မွှေပေးပါမယ်…ပဲအရည်တွေပွက်လာပြီးလျင်မီးကိုထက်ဝက်အထိချလိုက်ပါမယ်..ပြီးတော့ဆက်ပြီးမွှေနေပါမယ်..၄မိနစ်မျှကြာတဲ့အခါမှာမီးဖိုပေါ်ကချပြီးကြွေ(သို့)ဖန်(သို့)မုန့်ဗန်းထဲကို လောင်းထည့်အအေးခံပါမယ်..

အဲဒီနောက်မှာတော့အဆင်း…အနံ့….အရသာနဲ့ပြည့်စုံတဲ့တိုဟူးကောင်းကောင်းလေးကိုရပါပြီ..သုတ်စားကြမလား…ကြော်စားကြမလား .. ကြိုက်သလိုလုပ်စားကြရအောင်…


မမဝသုန်

No comments: