Wednesday 18 January 2012

တစ်ရက်တာ အလွဲများ



ရှေ့သွားကနာ
နောက်နားကကိုက်
ဝမ်းဗိုက်မှာဟာတာတာနဲ့
စိတ်တွေကအိုက် …

မအိုက်ဖို့အေးစေတာ
စိတ်ထဲမှာအကြံလွှင့်တယ်
ဖွင့်တဲ့ပန်ကာ…

မီးမလာ..
ယပ်တောင်သာယူသုံး
ဖုန်းမောင့်မှာလာမအေးတယ်
နွေးလျက်ပူတုန်း …

ရုန်းထွက်လို့သွားမယ်ပြင်
လမ်းအ၀င်ဟိုထိပ်နားက
ကြားတဲ့ဗေဒင်..

သတိယှဉ်စဉ်
ခလုတ်ဝင်တိုက်သေး
နှေးမကြာဒူးမှာပဲ့တယ်
ထွက်လိုက်တဲ့သွေး..

စိတ်လေးလို့အိပ်မယ်ပြင်
မန်ကျည်းပင်အိမ်အရှေ့က
တွေ့တဲ့ကပြင်…

အေးမယ်ထင်
မှေးမယ်မှကြံတုန်း
ဆော့ပြေးတာမျောက်ပင်ရှုံးမယ်...
သင်းတို့စုရုံး …



ပျိုးယုဝသုန်
10:12:27PM
18-01-2012
Wednesday (BNE)

1 comment:

ညီရဲ said...

ကဗျာလေးက ပေါ့ပေါ့ပါးပါးလေးနဲ့ ဖတ်လို့ ကောင်းလိုက်တာ... ကဗျာကောင်းလေးကို ခံစားအားပေးသွားပါတယ်ဗျာ...