Monday 5 December 2011

မမ နှင့် SilkAir & Singapore Air Line

BNE ကို ဗုဒ္ဓဟူးနေ့ မနက်မှာsilk air line ကလေယာဉ်နဲ့ပြန်လာခဲ့တယ်..Singapore Air Line ကိုစီးဖူးတာ ဒီတစ်ခါပထမဆုံးပဲ .. လေယာဉ်ပေါ်ရောက်တော့ ကျွေး တာက အီတလီခေါက်ဆွဲနဲ့ထမင်းတဲ့..ဒါနဲ့ထမင်းပဲစားမဟဲ့လို့ယူလိုက်တော့ စပြီး ၅ပါး မှောက် တော့တာပေါ့..ထမင်းက အုန်းထမင်းဖြစ်နေရော .. ဒါနဲ့မထုးတော့ပါဘူးဆိုပြီးပါတဲ့ ကြက်သားလေး၃ခုနဲ့အရွက်ပြုတ်လေးပဲအားပေးလိုက်ရတာပေါ့..လိမ္မော်ရည်လေးနဲ့ဆို တော့လည်းမဆိုးပါဘူးလေ..ကော်ဖီလေးတော့တောင်းသောက်လိုက်တာပေါ့ ..ဘေးကအ တူထိုင်နေတဲ့အဒေါ်ကြီးကတော့ Tiger Beer ကိုရေနွေးကြမ်းထင်ပြီးတောင်းလိုက်တယ် ပြီးမှာ Beer ဖြစ်နေမှန်းသိတော့ သူ့ခင်မျာ ဘာလုပ်ရမှန်းမသိနဲ့တော်တော် အူတူတူဖြစ်နေ ရှာတယ်..နောက်မှ မထူးဘူဆိုပြီးဘေးက သူ့ခင်ပွန်းကိုပေးလိုက်ရော .. အန်ကယ်ကြီးခင် မျာလည်းတစ်ခွက်ကို မနည်းကုန်အောင်သောက်နေရရှာတယ်.. သူတို့ရဲ့ Personger card  ကို ကူဖြည့်ပေးရင်း နဲ့ ကြည်အေးရဲ့မောင် ကိုကို နဲ့မြနန္ဒာ ကိုဖတ်လာခဲ့တာ SG ရောက်ခါနီးတော့ပြီးသွားရော…


 Singapore ကိုရောက်တော့ နေ့လည်ကျော်ကျော်ပဲရှိသေးပေါ့..ဒါနဲ့အင်တာနက်ကလေး များသုံးလို့ရမလားဆိုပြီးရှာ ကြည့်တော့ ရှိပါ့..ကိုယ့်မှာပါတဲ့Laptopနဲ့လည်းသုံးမရတော့ မထူးပါဘူးလေဆိုပြီးမတ်တပ် ရပ်ပြီးကြည်ရတာပေါ့.. ခြေတွေကိုတောင့်လို့ .. မထူးဘူး ဟဲ့ဆိုပြီး စားသောက်တန်းကို လိုက်ရှာရတာပေါ့လေ .. ရောက်တော့ လူမျိုးပေါင်းစုံစာ  တွေတွေ့ပါ့ .. ကြည် မှာလိုက်တဲ့ Soup လေး သောက်မယ်စိတ်ကူးတာ .. တကယ်စားဖြစ် တာက ဂျပန်စာ.. နဲနဲလေးပေမယ့် ဆီမပါတော့ စားရတာ အဆင်ပြေသား ..

နောက်လေယာဉ်ထွက်ဖို့ကလည်း ၇ နာရီလောက်စောင့်ရဦးမှာဆိုတော့ Airport Hotel မှာ ခဏ နားမယ်စိတ်ကူးပြီး သွားမိပါတယ် ..ဘုရားဘုရား .. ၅ နာရီကို US$170  ဆိုပဲ .. ဒါနဲ့ ပဲ နောက်ပြန်လှည့်ပြီး ခေါင်းလေးလျှော်ပေါ့လေ.. အဲဒီမှာ ပြဿနာက စတာပဲ ..ခိခိ .. ခေါင်းပေါ့သွားတော့ မျက်လုံးတွေက ငိုက်လာရော .. ဘာလုပ်ရမှန်းမသိတော့ လိပ်ပြာတွေ သွား ကြည့်နေလိုက်တာပေါ့.. ချထားတဲ့ နာနတ်သီးခြမ်းတွေရဲ့ ချိုအီအီ အနံ့တွေကြောင့် ကြာကြာမနေနိုင်ပဲ ပြန်ပြေးလာရတယ်လေ.. မျက်လုံးလည်း နဲနဲ ပြန်ကျယ်သွားတာပေါ့..

ဒါနဲ့ဘာမှလုပ်စရာမရှိ..လျှောက်ကလည်းမကြည့်ချင်ဆိုတော့ အင်တာနက်လေးသုံးလို့ရတဲ့ ဆီကိုပြန်သွားရတာပေါ့..ဘုရားဘုရား..အဲဒီမှာလည်းသုံးလို့ရဖို့ ၁နာရီနီးပါးလောက်စောင့် လိုက်ရသေးတယ် .. မထူးဘူးဆိုပြီးစောင့်နေတုန်းတစ်နေရာလွတ်သွားတော့ အိုကေပေါ့ လေ.. ဒါနဲ့ပဲ ၁၅ မိနစ် တခါ ဖြတ်ချတဲ့ အင်တာနက်ကို စိတ်ရှည်ရှည်ထားပြီးပြန်ဝင်လိုက် ကြည်နဲ့စကားပြောလိုက် လုပ်နေတာ ခဏနေတော့ ကြည် က ပြန်ရော .. facebook လေး ကြည့်ပြန်တော့လည်း မြန်မာစာတွေက မမြင်ရပဲ လေးထောင့်အတုံးလေးတွေဖြစ်နေရော.. ကြည် ရယ် ရမ်းရမ်း ရယ် ကိုကြည်ရယ် ရေးထားတာတွေကို ကလည်းဖတ်ချင်လှပြီ.. သူတို့ကလည်း စိတ်ပုပ်ပြီးပြန်မာလိုရေးကြတော့ ဖတ်မရ.. ခက်ခက်ခက် …
ဒီလိုနဲ့ရှိတဲ့သူလေးတွေနဲ့စကားပြောလိုက် ပြတ်သွားလိုက် ပြန်ဆက်လိုက်နဲ့ သွားရမယ့် Gate No.ကိုကြည့်တော့ A3 ဆိုပဲ .. A1 – 21 ဆိုတဲ့ ဆိုင်ဘုတ်ကလည်းခေါင်းပေါ်နီးနီးမှာ ဆိုတော့ အေးဆေးပေါ့လေ .. အဲဒါနဲ့ အာလူးဖုတ်နေတာပေါ့.. လေယာဉ်ထွက်ခါနီး၁၅ မိနစ်လိုတော့ မှ ပိတ်ပြီး A3 ရှိရာကို အေးအေးဆေးဆေးလျောက်လာတာပေါ့ …. ဘုရားဘုရား .. တော်တော်နဲ့မရောက်နိုင်ဘူးပဲ .. လေယာဉ်ထွက်ဖို့ ၃ မိနစ်အလိုမှာ A3 ကိုရောက်ပါရဲ့ .. ဂိတ်ဝက အူကြောင်ကြောင် နဲ့ အဖိုးကြီးက မှားနေတယ်လုပ်ရော..လက် မှတ်ပေါ်က SQ255 ဆိုတာကို ကျေးဇူးရှင်က မတွေ့တာလေ.. အဲဒါနဲ့ သေချာပြတော့မှဝင် လို့ရခဲ့တယ်.. ထုံးစံအတိုင်း လေယာဉ်ပေါ်ရောက်တော့နောက်ဆုံးပဲ.. လေယာဉ်မယ်လေး တွေ..လေယာဉ်မောင်လေးတွေက မျက်နှာသုတ်ပုဝါလေး တွေတောင်ဝေနေရောပေါ့..

ပါသမျှပစ္စည်းတွေကို Cabinet ထဲ ပစ်တင်ပြီး ပဌန်းစာအုပ်ရယ် ကြည်အေးရဲ့နွမ်းလျအိမ် ပြန်ရယ် မင်းဒင်ရဲ့သက်ခိုင်ရယ်ကိုယူုပြီးစာဖတ်မယ်လုပ်တော့ ဘေးနားမှာထိုင်နေတဲ့ ဘိုးတော်က မိတ်ဆက်လာရော.. မြန်မာပြည်ကို Tourist အနေနဲ့သွားချင်တယ်ဆိုတဲ့ ကျေးဇူး ရှင်ကိုသေသေချာချာရှင်းပြရင်းအချိန်တော်တော်ကုန်ခဲ့တယ် .. မြန်မာကို လူတွေ စိတ်ဝင်စားလာတာ သွားရောက်လည်ပတ်လိုတဲ့ စိတ်တွေရှိလာတာကို တော့ သဘောကျ မိရဲ့.. ကြုံခဲ့ရသမျှ ကောင်းကွက်တွေအကုန်ကို ဖောက်သည်ချရင်း သွားလည်ဖို့တော့ အား ပေးလိုက်တာပဲ.. ပြီးတော့ ထုတ်ထားတဲ့ စာအုပ်တွေကို ဖတ်ပေါ့.. ဘေးကဘိုးတော် မေး တာဖြေလိုက်..စာဖတ်လိုက်နဲ့ရေတောင်သောက်ချင်လာခဲ့တယ်.. ဒါနဲ့ လေယာဉ်မောင် လေးလာပေးတဲ့ လိမ္မော်ရည်လေးသောက်ပြီး စာဆက်ဖတ်မယ်လုပ်တော့ ဘေးနားက ဘိုးတော်က မြန်မာပြည်အကြောင်းမေးပြန်ရော ..ဖြေရပြန်ရော .. လေယာဉ်မောင်လေး လာပေးတဲ့ စားစရာMenu ကလည်း ကိုယ်ကြိုက်တာတွေပဲဆိုတော့ အိုကေပေါ့ .. အနံ့ လေးကလည်းမွှေးနေတာပဲ..

ဒီလိုနဲ့ နွမ်းလျှအိမ်ပြန်ကိုဖတ်နေလိုက်တာဘယ်လိုအိပ်ပျော်သွားမှန်းမသိလိုက်ဘူး..ပြန်နိုး လာတဲ့အခါမှာတော့ အာလုံးကစားပြီးသောက်ပြီးလို့အိပ်နေကြရောပေါ့.. သြော်..အနံ့လေး သာရှူရှိုက်လိုက်ရတဲ့ဘွ ပါပဲ .. ဒါနဲ့စာပြန်ဖတ်ရင်း နဲ့ ဖေဖေ မှာလိုက်တဲ့အတိုင်း သရဏဂုံ လေးကို အသက်ရှူသွင်းရှူထုတ်မှာထည့်မှတ်ရင်းဂုဏ်တော်လေးပွါးရင်းတခါပြန်အိပ်ပျော် သွားပြန်တာပေါ့ .. ဒီတခါလည်း လွတ်ပြန်တာပဲ ..ဗိုက်ကဆာစတော့ပြုလာပြီ..ဘာမှတော့ ပြောမနေတော့ပါဘူး..ကိုယ်ကအိပ်နေတာကိုးလေ..သူတို့က ဘယ်နှိုးမှာလဲ..

ဒီလိုနဲ့ BNE ရောက်ခါနီးမှာမှ ကျွေးတဲ့ ကော်ဖီလေးတစ်ခွက်..ပေါင်မုန့်လေးတစ်လုံးနဲ့အသီး လေးအနည်းငယ်ကိုသာစားခဲ့ရပါကြောင်း..ဒီတစ်ခါစီးတဲ့လေယာဉ်မှာmenuထဲက စာရင်းများသည်ကြိုက်လှသည်ဖြစ်သော်လည်း ဘာတစ်ခုမှမစားခဲ့ရကြောင်း ချစ်သော သယ်ရင်းများအား အသိပေးအပ်ပါ သည်.. မမ သည် တခါတရံ၌ ထိုကဲ့သို့လည်းအိပ်ပျော်တတ်ပေသေးသည် …..

သင်တို့၏ချစ်လှစွာသော မမဝသုန်

No comments: