Monday 5 December 2011

ကြယ်ကြွေည

ညတစ်ည
မှိုင်းပျပျည
ပြိုးပြိုးပျက်တဲ့ည
ငါပိုင်ဆိုင်လိုလှသည်  …

လရဲ့ည
လင်းလက်တဲ့အလှ
ရှင်းသန့်တဲ့ည
ငါ .. ပိုင်ဆိုင်လိုလှသည် …

ည ..
တဖြည်းဖြည်းနဲ့ရင့်ရော်လာ
မဟူရာအမှောင်ကြီးစိုး
လ လည်းအနောက်သို့တိုးလေပြီ …

ရုတ်တရက်
ဖြတ်ကနဲလင်းလက်
မကြည့်ရက်မှိတ်ထား
ငါ၏မျက်ဝန်းများ …

ညအတွက်အလှဆင်
ကြယ်သခင်ကြွေဆင်း
ဘဝအတွက် အလှဆင်
ဆရာသခင်ကြွေဆင်း
မယုံကြည်ခြင်းအလယ်မှာ
အို ..ငါ
နှမြောတသ .. ယူကြုံးမရ  …

ပျိုးယုဝသုန်
၆-၀၂-၁၉၉၆

No comments: