Monday 5 December 2011

ဒုတိယမ္ဗိ နုပျိုခြင်း


ဘဝတွေအိုအို
အိမ်အိုအိုမှ
အဖအိုနှင့် အမိအို …
ဇရာရဲ့အရေး
ကောက်ကြောင်းလေးတွေနဲ့ပြည့်နှက်
မျက်နှာပြင်ထက်ဝက်မှာ
လတ်ဆတ်တဲ့အပြုံးများ
သမီးနဲ့သားအတွက်
နုပျိုခြင်းတွေစွက်နေတယ် ..

ပျိုးယုဝသုန်
၂၇-၁၁-၂၀၁၀
(ရန်ကုန်)

No comments: