Monday 5 December 2011

ပုံရိပ်မဲ့ အိပ်မက်ရဲ့နေရာ

နေရာ
အဖြေရှာရခက်တဲ့
ငါ့ရဲ့ နေ့ညတွေ  ...

မြေကမ္ဘာ
ယူဇနာထောင်ချီရှိပေမယ့်
တစ်နေရာစာ
သည်မြေမှာမရှိပါဘူး
ရပ်ရဲဖို့ခက်လှတယ် ...

နွယ်ပမာ
တွယ်တာမယ်စိတ်ကူး
ကြည်နူးမှုနဲ့ရွှင်ပျ
ဘဝရဲ့ခဏတာ
အိပ်မက်ကမ္ဘာကနိုးရပြီ ... 

အမှတ်တ၇ရက်စွဲ
နေ့အလွဲ ညအလွဲမှာ
ကွဲကွဲပြားပြားနဲ့
မှားပြီးရင်းကို မှားခဲ့တယ် ...

မရှိတဲ့နေရာအတွက်
အိပ်မက်ကိုအမှန်ထင်
စိတ်ဓါတ်ကိုပြန်ပြင်ဖို့
အိပ်စက်ခြင်းကိုစတေး
ငါလေ  ...
ခပ်ဝေးဝေးက နေတော့မယ် ... 

ပျိုးယုဝသုန်
12:01:46 AM
7-11-2011
Monday ( YGN )

No comments: