Monday 5 December 2011

မိုးမျှော်တေး ဆိုကြသူ

နွေရဲ့အညှိုး
ဆထက်တိုးယင်း
အင်းအိုင်စိမ့်စမ်း
ခြောက်သွေ့ခမ်းအောင်
အမုန်းမုန်တိုင်း ဆင်ခဲ့သည် ...

ညှိုးလျော်သွေ့ခြောက်
ပင်ခြေအောက်မှာ
ခက်မာအက်ကွဲ
မြေဆိုင်ခဲလည်း
မိုးကိုမျှော်၍ နေခဲ့သည်  ....

အုံးအင်မြည်ကြွေး
ဖားငယ်လေးလည်း
မိုးပြေးတစ်ပေါက်
သူလာရောက်ဖို့
သံကုန်ဟစ်လို့ ခေါ်ခဲ့သည်  ...

ငါလည်းအတူ
နွေလိုပူတဲ့
အမုန်းရဲ့မီး
တောက်လောင်ငြီးသည်
ငြိမ်းအေးမိုးစက် မျှော်ခက်ပြီ ...

ပျိုးယုဝသုန်
10:10:56 PM
27-10-2011
Thursday (BNE)

No comments: