Tuesday 25 October 2011

မောဟ သားကောင်

နေ့စဉ်ရက်ဆက်
အအိပ်ပျက်ရ
နှိပ်စက်ညတွေ ရှည်ခဲ့ပြီ  ...

အတွေးကမ္ဘာ
လွင့်ပါရာမျော
သောကအတွေး
ဖြေဆေးမဖြစ်
ဒုက္ခမြစ်တွင်
နစ်ခြင်းမသိ နစ်ခဲ့ပြီ  ...

သတိ အသိ
ညှိကြည့်ကာရန်
ဖန်ဖန်ကြိုးစား
သိတရားလည်း
ငါ့အားဆုံးမ နေခဲ့သည် ...

ဖြစ်ခြင်း ပျက်ခြင်း
မက်မောခြင်းမှာ
မြေစာပင်မြက်
ငါဖြစ်ခဲ့သည်
မောဟမြက်ရိုင်း ရှည်ခဲ့ပြီ ..

ပျိုးယုဝသုန်
10:04:14 PM
25-10-2011
Tuesday (BNE )

No comments: