Monday 24 October 2011

ကြယ်တစ်စင်းနှင့် စကားစမြည်

ကြယ်တစ်လုံး
ခပ်ပြုံးပြုံးသူ့မျက်နှာ
မိုးယံမှာတိမ်းတွေကြားက
ငုံ့ကြည့်ပြန်တာ ...

လဝါဝါ
ဖယ်ခွါညရင်ထဲ
လွမ်းမပြေနွမ်းကြေပန်းဝေလည်း
မော့ကြည့်တာပဲ ... 

အလွမ်းပေါ်အလွမ်းဆင့်
ပန်းပွင့်တဲ့ဒီရာသီ
မြကြာခြည်ရောင်ပြန်တိမ်းတယ်
ယိမ်းချက်မမီ ...

စိမ်းလေပြီ
မကြည်သာရင်ကွဲ
ကြယ်တာရာ ကူကာပြောရင်လည်း
ဝမ်းမြောက်မှာပဲ  ... 

ပါးလိုက်တဲ့ကြောင်းအရာ
ရောက်အောင်သာ ပို့ဆောင်ပေးတယ်ကွယ့်
မင်းစိတ်ဖြေပါ ..

များမကြာ
သိင်္ဂါရမြစ်ထဲ
မေတ္တာသီ ပျော်ကြည်မြူးလို့
ကူးရမှာပဲ .... 

ပျိုးယုဝသုန်
11:33:23 pm
24-10-2011
Monday ( BNE )

No comments: