Sunday, 23 October 2011

လိပ်ပြာ ခြေရာ

ပန်းကဗျာ
အနမ်းမှာ ဗလာဆင့်
အလွမ်းရင့်ရင့်
ပန်းရင့်ရင့်  ...

ဝေမလွင့်မီ
နှောင်ချည်ဖွဲ့ထုံး
ဆုံးစမထင်
သံယောဇဉ်အား
လိပ်ပြာဘယ်နား ထားခဲ့သည် ...

ပြန်မတွေးချင်
ပန်းသခင်မင်း
ရင်တွင်းမချိ
အဖြေညှိသည် 
ရှာဆဲ ဖွေဆဲ ပျောက်ခဲ့ပြီ ..

အိုဘယ့်လိပ်ပြာ
သင့်ခြေရာကား
ပွင့်ဖတ်များတွင်
ကျန်ရစ်ထင်ပြီ
သင်ကားလှည့်စား ထားခဲ့သည် ...

ပျိုးယုဝသုန်
10:12:29 PM
22-10-2011
Saturday ( BNE )

No comments: