Monday 5 December 2011

လောကအလှများ


ရောင်နီပျိုးစ
လင်းအံကျသည့်
နံနက်လင်းစ
ကြည့်မ၀  …

နှင်းဥဖြူလွ
နေခြည်ခသည့်
နံနက်အလှ
ကြည့်မဝ  …

ဆည်းဆာအလှ
နေပြန်ကျသည့်
ညနေအလှ
ကြည့်မဝ  …

လမင်းသာစွ
အဆင်းလှသည့်
ည၏အလှ
ကြည့်မဝ …

ရှုမဝ
လောကအလှ
တုမရသည့်
သဘာဝ၏အလှများ …

ပျိုးယုဝသုန်
(ရန်ကုန်)

No comments: