Monday 5 December 2011

နွေဝင်္ကပါ

မျက်ရည်တွေနှင့်
ငိုကြွေးရသည် …
ချစ်သူနှင့်လည်း
ဝေးခဲ့ရပြီ …
ဘ၀တစ်ကွေ့
စအတွေ့တွင်
ထားရစ်တွယ်ငင်
သံယောဇဉ်လည်း
ဖြတ်ထားခဲ့ခြင်းခံခဲ့ရပြီ  …

ပိတောက်တွေလည်း
ဝေခဲ့ရပြီ …
ရွက်ဝါတွေလည်း
ကြွေခဲ့ရပြီ …
တမ်းတမျှော်မှန်
ရော်ရမ်း၍လည်း
ချစ်သူရှိရာ
သြော် ..တမ်းတသည် …

နွေဦးကိုလည်း
ချစ်ခဲ့ကြသည်  ..
နွေလကိုလည်း
မုန်းခဲ့ရပြီ  …
နွေဦးမှာဆုံ
ရင်တစ်ခုန်လည်း
နွေလမှာပဲ
လွဲခဲ့ရသည် …

သြော်  …
နွေဦးနွေဦး
ရူးရမလောက်
အသည်းပေါက်ပြီ
နွေလရောက်လျင်  ..ငိုချင်သည်  …

ပျိုးယုဝသုန်
(ရန်ကုန်)

No comments: