Monday 5 December 2011

ပျောက်ဆုံးခြင်း


ညအတွက်
လှပတဲ့ကဗျာတစ်ပုဒ်
ရေးထုတ်ဖို့အားခဲ
ဒါပေမယ့်လည်း မရခဲ့ပါလားကွယ်  …
လမိုက်ရဲ့ည
ညမိုက်ရဲ့လမှာ
ဘာပဲဖြစ်ဖြစ်
ပဆစ်အိမ်လိုရှုပ်ထွေး
ခေါင်းထဲကအတွေးလည်း
ပရစ်အော်သံနှင့်ရောခဲ့ပြီ  ….

ပျိုးယုဝသုန်
04:08:55 AM
03-11-2011
Thursday ( နေပြည်တော် )

No comments: