Wednesday 7 December 2011

ချစ်ခြင်းနဲ့အတ္တ



“ကိုကိုကျွန်မကိုချစ်ရင်အဲဒီတစ်ယောက်နဲ့ အဆက်အသွယ်မလုပ်ပါနဲ့ စကားမပြောပါနဲ့”

“ခင် ..ကိုယ့်ကိုချစ်တယ်ဆိုရင် ဒီလို အလှတွေမပြင်ပါနဲ့..”

“….ချစ်တယ်ဆိုရင် ဆေးလိပ်မသောက်ပါနဲ့ ..”

“……..  ချစ်တယ်ဆိုရင် အရက်မသောက်ပါနဲ့ …”

“….  ချစ်တယ်ဆိုရင် ကွမ်းမစားပါနဲ့ ..”

“…..  ချစ်တယ်ဆိုရင်  သီချင်းမဆိုပါနဲ့”

“…….  ချစ်တယ်ဆိုရင် ဓါတ်ပုံ မရိုက်ပါနဲ့ ..”

“ …..  ချစ်တယ်ဆိုရင် ……………… ပါနဲ့ ”

ဒီလို စကားတွေကို ပတ်ဝန်းကျင်မှာနေ့စဉ်နှင့်အမျှကြားနေရတာနှစ်ပေါင်းအတော်ကြာခဲ့ ပါပြီ.. ချစ်တယ်ဆိုရင် ဟိုဟာ မလုပ်ပါနဲ့ ..ချစ်တယ်ဆိုရင် ဒီဟာ မလုပ်ပါနဲ့ဆိုတဲ့စကားကိုမိန်းကလေးတွေသာမကယောက်ျားလေးတွေပါဖောဖောသီသီသုံးနေကြတာကိုလည်းတွေ့ မြင်လာခဲ့ရတဲ့နောက်ပိုင်း ချစ်တယ် ဆိုတဲ့ စကားလုံးကလေးဟာ တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင်အခွင့်အရေးကိုတားမြစ်ဖို့အသုံးပြုရာစကားတစ်ခွန်းများဖြစ်နေလေပြီလားလို့သံသယ ၀င်လာခဲ့ရတယ်..တကယ်တော့မိမိရဲ့အတ္တကိုအရောင်တင်ဖို့ဆိုရင် ချစ်တယ် ဆိုတဲ့စကား တစ်ခွန်းကိုအသုံးပြုဖို့မသင့်ပါဘူး..


မိန်းကလေးတစ်ဦးနဲ့ယောက်ျားလေးတစ်ဦးဟာစိတ်တူကိုယ်တူလို့ဖြစ်ဖြစ်..ဝါသနာတူလို့ပဲ ဖြစ်ဖြစ်..အတွေးအခေါ်ယုံကြည်ချက်တူလို့ပဲဖြစ်ဖြစ်မိတ်ဆွေသူငယ်ချင်းအဖြစ်ကနေချစ်သူအဖြစ်ကိုပြောင်းလဲလာကြပါတယ်..ဒီလိုတစ်ဦးနဲ့တစ်ဦးချစ်ခင်ကြရာမှာတစ်ယောက်နှင့် ယောက်အပြန်အလှန်အထင်ကြီးလေးစားမှုမရှိရင်ချစ်သူဆိုတဲ့အဖြစ်ကိုမရောက်နိုင်ကြပါဘူး..ချစ်ခင်မှု..ယုံကြည်မှု..အထင်ကြီးလေးစားမှုတွေနဲ့ပေါင်းစပ်လာမှသာတစ်ဦးအပေါ်မှာတစ်ဦးချစ်ခင်တယ်ဆိုတာဖြစ်လာကြတာပါ..ဒီလိုတစ်ယောက်နဲ့တစ်ယောက်ယုံကြည်တန်ဖိုးထားလို့ချစ်ကြခင်ကြပြီးမှနောက်ပိုင်းမှာဘာဖြစ်လို့များချုပ်ချယ်ကန့်သတ်တာတွေကိုလုပ်ချင်လာကြတာလဲဆိုတာကိုစဉ်းစားလာမိခဲ့တယ်..

ကိုယ်မမြင်ခဲ့တဲ့အပြစ်တွေကိုမြင်လာလို့လား..ကိုယ်တစ်ယောက်ထဲအတွက်ရှိစေချင်လို့လား…ကိုယ်တစ်ယောက်ထဲကိုသာဦးစားပေးစေချင်လို့လား…ငါပြောတဲ့အတိုင်းသာလုပ်ကို လုပ်ရမယ်ဆိုတဲ့အတ္တမာနကြောင့်လား..ဒီလိုဆိုရင်ကိုယ့်ရဲ့ချစ်သူဆိုတဲ့သူအပေါ်မှာရောတရားပါ့မလား..ကိုယ့်အပေါ်မှာအဲဒီလိုချုပ်ချယ်ကန့်သတ်လာရင်ကိုယ်ကိုယ်တိုင်ကလည်းသည်းခံနိုင်နှစ်သက်နိုင်ပါ့မလားဆိုတဲ့မေးခွန်းမျိုးကိုယ့်ကိုယ်ကိုယ်ပြန်မေးသင့်ပါတယ် ..

ချစ်တယ်ဆိုတဲ့စကားလုံမှာနှစ်သက်မြန်နိုးခြင်း..ကြင်နာခြင်း..မေတ္တာထားခြင်း..ပိုင်ဆိုင်လို ခြင်းတွေနဲ့ပေါင်းစပ်ပါဝင်နေပါတယ်..ဘာကြောင့်ချစ်တယ်ဆိုတာလည်းကိုယ့်ကိုယ်ကိုယ် သေချာသိဖို့လည်းလိုပါသေးတယ်..တစ်ယောက်နဲ့တစ်ယောက်ချစ်သူသမီးရည်းစားမဖြစ် ခင်မှာသည်းခံခွင့်လွှတ်နိုင်ခဲ့တဲ့အကြောင်းအရာတွေဟာတယောက်နဲ့တစ်ယောက်ချစ်သူ ဖြစ်ပြီးကြတဲ့နောက်ပိုင်းမှာတဖြည်းဖြည်းပျောက်ကွယ်လာခဲ့ကြတယ်..ဒီလိုဘာဖြစ်လို့ဖြစ်လာရတာလဲဆိုတာကိုစဉ်းစားကြည့်မိတော့အရင်ကသည်ခံခွင့်လွှတ်ခြင်းတွေဟာအစစ်အမှန်တစ်ဦးအပေါ်မှာတစ်ဦးနားလည်လို့မဟုတ်ပဲဟန်ဆောင်ပြီးနားလည်ခွင့်လွှတ်ချင်ဟန် ဆောင်နေလို့ပဲဖြစ်တယ်..အစကတည်ကတစ်ယောက်ကိုတစ်ယောက်နားလည်နိုင်ခွင့် လွှတ်နိုင်ခဲ့တယ်ဆိုလျင်ချစ်သူရည်စားဖြစ်လာတဲ့အခါမှာပိုမိုပြီးတစ်ဦးအပေါ်တစ်ဦးနား လည်ကာပိုမိုနွေးထွေးတဲ့ရင်းနှီးမှုကိုရလာမှာပါ..

၂၀ ရာစုကိုကျော်လွန်လာလို့၂၁ ရာစုကိုရောက်ရှိလာတဲ့အခါမှာမိန်ကလေးတွေဟာ၁၉ ရာစုမှာတုန်းကလိုအိမ်အလုပ်တွေနဲ့နပန်းလုံးပြီးအိမ်ရှင်မအဖြစ်သာမကပဲ ယောက်ျားလေး တွေနီးပါးလုပ်ငန်းခွင်မှာဝင်နေခဲ့ကြပါပြီ.. ဒီအတွက်ပေါင်းသင်းဆက်ဆံရေးမှာမိန်းကလေး အချင်းချင်းသာမကယောက်ျားလေးတွေနဲ့ပါပြောဆိုဆက်ဆံလာခဲ့ကြရပါတယ်..

မိန်းကလေးဖြစ်စေ..ယောက်ျားလေးဖြစ်စေပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာရှိတဲ့ယောက်ျား မိန်းမအာလုံးနဲ့ပြောဆိုဆက်ဆံမှုဟာတကယ် တော့သဝန်တိုစရာလုံလောက်တဲ့အကြောင်း အရာမဟုတ်ခဲ့ပါဘူး..လူမှုရေးနဲ့စီးပွားရေးမှာအချစ်ရေးကိုရောထွေးလာရင်သာမဖြစ်သင့်တဲ့ပြဿနာတွေဖြစ်လာမှာပါ.. ဟိုသူနဲ့အပေါင်းအသင်းမလုပ်နဲ့ ..ဒီသူနဲ့စကားမပြောနဲ့ဆို တာဟာမိမိချစ်သူကိုလူ့ဘောင်အသိုင်းအ၀ိုင်းကနေတဖြည်းဖြည်ချင်းဆွဲထုတ်နေတယ်ဆိုတာသတိပြုမိကြပါစေ..

ယောက်ျားလေးအများစုဖြစ်တတ်တဲ့အကြောင်းအရာကတော့သူတို့ချစ်သူတွေကိုဟိုလိုမ ၀တ်ရ..ဒီလိုမ၀တ်ရဆိုတဲ့ချုပ်ချယ်ကန့်သတ်မှုနဲ့ဓါတ်ပုံမရိုက်ရ..အလှမပြင်ရ..စတဲ့အရေးမပါအရာမရောက်တဲ့ကန့်သတ်မှုတွေကိုပညတ်ကြတာပါပဲ..ကိုယ့်ချစ်သူလှနေတာကိုကြည့် ပြီးမုဒိတာမပွားနိုင်ပဲဘာဖြစ်လို့မစ္ဆရိယစိတ်တွေပွားနေကြမှာလဲ..အဝတ်အစားမှာလည်းမလုံမခြုံဖြစ်မနေပဲ လုံလုံလဲလဲနဲ့လှပနေရင်ကိုယ်ကတောင်မှအားပေးရဦးမယ်..ကိုယ့်ရဲ့ ဝန်တိုမှုအတွက်သူတို့ရဲ့Motivation ကို မထိခိုက်စေသင့်ဘူး.. သိပ်ပြီးတော့မှအတိုအ ဟိုက်တွေကြိုက်လှပါတယ်ဆိုရင်တော့သည်းမခံနိုင်ဘူးဆိုရင်အစမှာပဲနောက်ဆုတ်ထားတာဟာနှစ်ဦးနှစ်ဘက်အဆင်ပြေပါလိမ့်မယ်..ကိုယ်တားမြစ်တာကိုကိုယ့်ရှေ့မှာမ၀တ်ပေမယ့်ကွယ်ရာမှာသူကြိုက်သလိုဝတ်စားမှာအသေအချာပါပဲ..

မိန်းကလေးအများစုကတော့ဖြစ်နေတတ်ကြတဲ့အတိုင်းကိုယ့်ထက်လှသူ..သာတယ်လို့ထင်ရသူနဲ့ကိုယ့်ချစ်သူစကားပြောတတွေ့ရင်ပြဿနာလုပ်တတ်တာပါပဲ.. ပြီးတော့ဆေးလိပ်မ ယောက်ရ..အရက်မသောက်ရ..ကွမ်းမစားရဆိုပြီးတော့လည်းချုပ်ချယ်မှုတွေပြုချင်ကြ တယ်.တကယ်တမ်းနားလည်ရမှာကဆေးလိပ်သောက်တယ်..အရက်သောက်တယ်..ကွမ်းစားတယ်ဆိုတာဟာကိုယ်တားချင်တိုင်းတားလို့ရတဲ့အကြောင်းမဟုတ်ဘူးဆိုတာပဲ..မိမိကိုဦးစားပေးတဲ့အနေနဲ့(နားညည်းတာမခံချင်တာလည်းပါမှာပေါ့)ကိုယ့်ရှေ့မှာမစားပေမယ့် ကွယ်ရာမှာစားမှာပဲ..သောက်မှာပဲ..ဒါတွေဟာတကယ်တာ့ပြဿနာဖြစ်စရာအဓိကအ ကြောင်းအရာတွေထဲမှာမပါပါဘူး..အရွယ်ရောက်ပြီးသားယောက်ျားလေးတိုင်းမှာဖွံ့ဖြိုးပြီးတဲ့အသိဥာဏ်ရှိတဲ့ဦးနှောက်ရှိကြပါတယ်..ဘယ်ဟာမကောင်းဘူး..ဘယ်ဟာမသင့်လျော်ဘူးဆိုတာကိုကွဲကွဲပြားပြားခွဲခြားတတ်တဲ့သူတွေပါ..မရှောင်မလွှဲသာလို့လူမှုရေးအရစားရ တာ..သောက်ရတာရှိသလို..သူတို့ကိုယ်တိုင်ကိုကကြိုက်လို့စားတာသောက်တာလည်းရှိတယ်.ပြောမှသိ..ပြောမှလုပ်တတ်တဲ့သူဆိုရင်တော့အစကတည်းမှာကိုကဝေးဝေးကသာနေပေတော့ပဲ..

ချစ်လို့ပြောတာနားထောင်တယ်ဆိုတာနေရာတိုင်းအချိန်တိုင်းမှာဖြစ်မနေနိုင်ပါဘူး..ကိုယ့်အတွက်လည်းထိခိုက်မှုမရှိဘူး..ကိုယ့်ချစ်သူအတွက်လည်းထိခိုက်မှုမရှိဘူးဆိုရင်ပိတ်ပင်တာဆီးတယ်ဆိုတာဟာမလုပ်သင့်တဲ့အကြောင်းအရာထဲမှာပါပါတယ်..လူတိုင်းလူတိုင်းမှာကိုယ်ပိုင်နေရာတစ်ခုလိုပါတယ်..ကိုယ်ပိုင်အချိန်လည်းလိုပါတယ်..ဒီအချိန်ဒီနေရာမှာကိုယ့်ချစ်သူဟာကိုယ်မဟုတ်တဲ့သူ့ရဲ့မိတ်ဆွေတွေနဲ့လည်းရှိချင်ရှိနေနိုင်တယ်..ချစ်သူကိုပြောလို့အဆင်မပြေနိုင်တဲ့စကားတွေကိုမိတ်ဆွေတွေနဲ့ပြောဆိုနေနိုင်တယ်..ဒါကိုငါ့ကိုတော့အဖက် မလုပ်ဘူး..သူ့သူငယ်ချင်းတွေနဲ့ပဲအချိန်ကုန်နေတယ်လို့မထင်သင့်ပါဘူး..

ကိုယ့်ကိုပြောလို့ကိုယ်ဘာမှလုပ်မပေးနိုင်တဲ့အကြောင်းကိစ္စကိုသူ့မိတ်ဆွေသူငယ်ချင်းတွေနဲ့တိုင်ပင်ဖြေရှင်းပါစေ..တကယ်လို့ကိုယ့်ကိုအသိပေးဖို့လိုမယ်ဆိုရင်အသိပေးပါလိမ့်မယ်..နေရတကာနေရာတိုင်းကိုဝင်ရောက်ပါဝင်ချင်စိတ်ကိုလျော့သင့်ပါတယ်..ကိုယ့်ရဲ့ဖြစ်ချင်တဲ့စိတ်..အတ္တစိတ်ကြောင့် ကိုယ့်ချစ်သူရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုမထိခိုက်သင့်ပါဘူး.. သင့်ရဲ့တောင်းဆိုမှုတွေများလာရင်..ဒါမှမဟုတ်ချစ်သူ၇ဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကိုဝင် ရောက်စွက်ဖက်တာများလာရင်သင့်ချစ်သူနဲ့သင်ဟာနီးမလာပဲသင့်ကိုသင့်ချစ်သူကတ ဖြည်းဖြည်းအဝေးကိုရွှေ့သွားမှာအမှန်ပါပဲ..

ကိုယ့်ကိုယ်ကိုယ်ငါကသူ့ချစ်သူရည်းစားပဲဆိုပြီးလူပုံအလယ်မှာမဏ္ဍပ်တိုင်တက်ပြတာဟာလည်းမလုပ်သင့်တဲ့အကြောင်းအရာထဲမှာပါပါတယ်..ကိုယ့်ချစ်သူရဲ့အသိမိတ်ဆွေတွေ..သူငယ်ချင်းတွေကိုသိအောင်လိုက်လံကြိုးစားတာဟာလည်းသွယ်ဝိုက်သောအားဖြင့်ကိုယ်ချစ်သူကိုမယုံကြည်ရာ..ကိုယ်ရေးကိုယ်တာကိုဝင်ရောက်စွက်ဖက်ရာကျပါတယ်..မလိုအပ်ပဲမဏ္ဍပ်တိုင်တက်ပြခြင်းဟာတိုင်ပေါ်ကချော်ကျဖို့အခွင်းအရေးပိုများပါတယ်..မဏ္ဍပ်တိုင်တက်ပြစရာမလိုအောင်ကိုယ့်ကိုယ်ကိုယ်တင့်တယ်အောင်..တန်ဖိုးမြင့်နေအောင်ကြိုးစားသင့်ပါတယ်..ဒါဟာကိုယ့်ချစ်သူ အတွက်သာမဟုတ်ပဲကိုယ့်အတွက်လည်းပဲဖြစ်ပါတယ်..


မိမိဘက်ကလည်းတတ်နိုင်သမျှကိုယ့်ချစ်သူအပေါ်မှာပွင့်လင်းရိုးသားသင့်ပါတယ်..ကိုယ့်ချစ်သူအဖြစ်ရွေးချယ်ထားတဲ့သူကိုအကြောင်းအရာတခုခုရင်ဆိုင်လာရတော့မယ်ဆိုလျင် အရင်တိုင်ပင်ကြည့်ပါ..မိမိချစ်သူဆီကနေအကြံဥာဏ်မရနိုင်တော့ဘူးဆိုမှမိတ်ဆွေအပေါင်းအသင်း..သူငယ်ချင်းတွေကိုတိုင်ပင်သင့်ပါတယ်..မိမိရဲ့မထင်မှတ်တဲ့အပြုအမူကြာင့်မိမိရဲ့ချစ်သူကိုဂုဏ်သိက္ခာမကျဆင်းစေသင့်ပါဘူး..ထို့အတူမိမိရဲ့ချစ်သူကိုစိတ်ထိခိုက်ခြင်း..စိတ်မှာနာကျင်စေခြင်းတွေကိုလည်းမိမိရဲ့အသုံးမကျမှုတွေကြောင့်မဖြစ်စေသင့်ပါဘူး..မိမိကိုယ်မိမိတော်တယ်..ထက်တယ်..ထင်ပြီးချစ်သူကိုညံ့တယ်..အသုံးမကျဘူးလို့အထင်ရှိနေရင်မိမိဘာသာတစ်ဦးတစ်ယောက်ထဲနေထိုင်သင့်ပါတယ်.. 

ပြီးတော့ကိုယ်ချစ်သူအပေါ်ကိုနှစ်နှစ်ကာကာကိုယ့်စိတ်နဲ့နှိုင်းယှဉ်ပြီးယုံကြည်ပေးကြည့်ပါ.သံသယတွေနဲ့မြင်တတ်ရင်အရာရာဟာပူလောင်ခြင်းတွေနဲ့ပဲပြည့်နေမယ်ဆိုတာကိုသိရှိ သင့်ပါတယ်..ကိုယ့်ကိုချစ်ခင်မြတ်နိုးမှုနဲ့ရွေးချယ်ထားတဲ့ချစ်သူကိုမိမိရဲ့အသုံးမကျတဲ့ဝန်တိုမှုအတ္တတွေကြောင့်အထင်သေးပြီးကျောခိုင်းမသွားပါစေနဲ့..မိန်းကလေး..ယောက်ျားလေးမည်သူမဆိုစိတ်ကျဉ်းကျပ်မှုကိုအလိုမရှိကြဘူးဆိုတာမိမိကိုယ်နဲ့နှိုင်းယှဉ်ပြီးကိုယ်ချင်းစာနားလည်ပေးတတ်မယ်ဆိုရင်..ရန်ဖြစ်ခြင်း..ပြဿနာဖြစ်ခြင်းတွေလျော့နည်းသွားပြီးငြိမ်းချမ်းတဲ့ချစ်သူဘဝကိုရရှိမှာဖြစ်ပါတယ် …


ပျိုးယုဝသုန်
1:36:00am
06-06-2011
Tuesday (BNE)

No comments: