Monday 3 October 2011

သက်တံ တံတား

မှော်ဆရာပမာ
ခွဲဖြာကွဲယှက်
ရောင်စဉ်စွက်ပြီး
ဖန်တီးခဏ
မိုးမှုန်ကျမှာ
ရောင်ဖြာစုံ၍လင်းခဲ့သည် ..

မိုးမြင့်ထက်ယံ
သက်တံတံတား
ကူးလားမြေပြင်
သည်ကောင်းကင်ကို
ဆင်ယင်ဆက်ခွင့်ပေးခဲ့သည်...

ထာဝရလား
စိတ်ထဲကြည်မြ
သည်ခဏတွင်
အလင်းဝင်ရောက်
တံတားပျောက်ပြီ
ခရိးဘယ့်နှယ်ဆက်ရမည် ..

ဖန်ဆင်းရှင်ရယ်
ရင်ဝယ်မှာထား
သနားသဖြင့်
လှမ်းခွင့်ပေးပါ
မိုးကောင်းကင်က မြင့်လို့ပါ ..

ပျိုးယုဝသုန်
11:26:42 PM
29-09-2011
Thursday (BNE)

No comments: