Monday 3 October 2011

ဆံသခြင်း

ရှည်လာတဲ့ဆံပင်ရယ်
ညှပ်လိုက်မယ်စိတ်ကူး
တွမ်ခရူးစ်လား ရိမ်း လား 
ငါတော်တော် သားနားမယ် ..

စိတ်ကူးတွေနဲ့ပျော်ရွှင်
ကောင်မလေးတွေမြင်ရင်ခိုက်
ခပ်မိုက်မိုက်စတိုင်ပေါ့
ဆံညှပ်ဆိုင်ထဲဝင်ခဲ့တယ် ..

 ပထမတစ်ယောက်ညှပ်
တဖြတ်ဖြတ်နဲ့ ကိုက်သံ
မျက်စိမှိတ်သည်းခံမယ်
အတွေးဝယ်ပျော်မြူး..

စတိုင်ရယ်ထွားထွား
အလန်းစားဆင်မည်
ဂူချီနရီနဲ့ဖိုက်အိုဝမ်း
ဝဲလ်ကမ်း.. ဝဲလ်ကမ်း.. ဝဲလ်ကမ်း...

တဖြတ်ဖြတ်ညှပ်သံပျောက်
နောက်တစ်ယောက် ရောက်လာ
ကြည့်လိုက်တော့ ငါ့ဆံပင်ဟာ
လက်တစ်ဆစ်စာသာကျန်ရဲ့ ..

ဘုရားတရား အသာတ
မှန်သားပြင်ကငါ့မျက်နှာ
မယ်မင်းကြီးမ ဒင်း ကို ငါ
အခါခါ သတ်ချင်ရဲ့ ...

ခုတော့ငါ့မှာ
အိပ်မက်တွေပျောက်ဆုံး
စောင့်ပေဦးပေါ့ နောက်နှစ်လ
လိုချင်တဲ့ စတိုင်ရဖို့ ...

ပျိုးယုဝသုန်
11:23:26
2-10-2011
Sunday ( BNE )

ဆံပင်ညှပ်ဆိုင်တွင် ဆံပင်မကျန်အောင်အညှပ်ခံခဲ့ရ၍ စိတ်လက်ပျော်ရွှင်နေပုံ ရသော မောင်ငယ် ဂျာဂျာဘီ အတွက်ရေးသည်..ဟိဟိ

No comments: