Wednesday 21 September 2011

ဒွိဟ လမ်းမှ လိပ်ပြာများ

ဘ၀ဆိုတဲ့မြို့ပတ်ရထားစီးရင်း
သွားနေတဲ့ခရီးရှည်
အရွေ့ဘယ်လောက်ရှိမှာလဲ ...

တောက်ပလွန်းတဲ့
ဟေလိုဂျင်မီးတွေရဲ့အောက်မှာ
ကိုယ့်ကိုယ် ကိုစတေးရင်း
အလင်းရဖို့ကြိုးစားနေတဲ့ 
ဖယောင်းတိုင်တွေလည်းရှိနေတယ် ..

မိုးတိမ်ဖြစ်ဖို့အိပ်မက်နေတဲ့ရေပြင်
အငွေ့အသွင်သွင်းဖို့
ပူပြင်းမှုတခုရှိရမှန်း
သိပြီးဖြစ်ကောင်းဖြစ်မှာပါ ..  .. 

မျဉ်းစောင်းလေးတစ်ခုသာခြားတဲ့
မညီမျှခြင်းနဲ့ ညီမျှခြင်းကြား
အဓိပ္ဗါယ် လုံးဝကွဲပြားတယ် ..

ကြည့်တာချင်းအတူတူ
မျက်တောင်တစ်ဆုံးနဲ့
မျက်လုံးတစ်ဆုံးကြား
အကွာအဝေးကခြားလွန်းတယ် ...


ပျိုးယုဝသုန်
2:21:18 pm
21-09-2011
Wednesday ( BNE )

** Special Thanks To Soe Htet  For Excellent Title **

No comments: