Wednesday 21 September 2011

လွတ်မြောက်ခြင်းဆီသို့


အရိုင်းစိတ်ဝင် 
မုန်တိုင်ဆင်တဲ့
စိမ့်ဝင်လောဘ
ဤခဏကို
ရှောင်ရှားမရ
သည်အတ္တမှာ
ငါကားဘယ်တော့လွတ်မည်နည်း ..

ရှာကားရှာဖွေ
မတွေ့လေတဲ့
အဖြေတစ်ခု 
အရင်းပြုကာ
ငါနှင့်ငါ့စိတ်
ငါ့အရိပ်တွင်
ငါလျင်နစ်မွန်းခဲ့ရသည် ...

ဘဝနေနည်း
နိသျရည်းနှင့်
ရှောင်သင့်တရား
ဤဆယ်ပါးကို
ထွေပြားစိတ်မှာ
ဖြစ်တည်လာလျင်
ပန်းတိုင်ဘယ်မှာနီးမည်နည်း .....

မြတ်သောအကျင့်
သင့်သောအယူ
အပူကိုငြိမ်း
အတ္တသိမ်း၍
မယိမ်းမယိုင်
စိတ်မှာခိုင်လျင်
ပန်းတိုင်ဘယ်သို့ဝေးမည်နည်း...

ပျိုးယုဝသုန်
9:18:24 am
20-07-2011
Wednesday

ဤ၁၀ပါး = လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒိစ္စ၊ အဟိရိက၊ အနောတ္တပ္ဗ ဟူသည့် ကိလေသာ
အကုသိုလ်ဒုစရိုက် ၁၀ပါး

**  Special Thanks to Soe Htet for completion of this poem  **

No comments: