Monday 26 September 2011

မျက်ရည်မြစ်ကိုဖြတ်ကူးခြင်း

ညို့ညို့မဲမှောင်
တိမ်တောင်အုံ့မှိုင်း
တောလုံးဝိုင်းလျက်
စဉ်ဆက်ဖြိုးစွေ
သည်မိုးရေတွင်
ဆင်းဝင်ကြွေနစ်
မျက်ရည်မြစ်ကို
ဘယ်လိုကူးဖြတ်
စိတ်မှာမှတ်လည်း
ဖြတ်လမ်းတွေက လွဲခဲ့ပြီ ..
နွမ်းမောယိုင်နဲ့
အားအင်မဲ့စဉ်
တစ်မျှင်ကောက်ရိုး
အားကိုကိုးပြီး
နည်းလမ်းဖွေရှာ
ရခဲ့ပါသည်
အကြင် သံယောဇဉ်ရယ်ကြောင့် .. 
တစ်မျှင်ပါပဲ
နှောင်တည်းမလွယ်
ကောက်ရိုးရယ်က
လမ်းပြရှေးရှု
အဖော်ပြုကာ
ဟိုမှာဘက်ကမ်း
ရောက်အောင်လှမ်းသည်
မျက်ရည်မြစ်ကို ဖြတ်ခဲ့ပြီ ..

ပျိုးယုဝသုန်
7:28:05 pm
25-09-2011
Sunday ( BNE )

No comments: