Monday 26 September 2011

ပျို့ အတွေး

တစ်ပွင့်ပန်းရယ်မို့
ရည်မှန်းပါလို့ညှာတံချီ
ပျိုချစ်သူ မမှီကမ်းမှာ
လွမ်းလှပါသည် ..

လမ်းဘယ်ဆီ
လှမ်းလေမည်ပျိုတွေး
အသစ်ရှာမေ့ပြီလားရယ်လို့
စိုးရပါသေး ...

ပုဝါပါး
ကာခြားပါတဲ့ချိန်ခါဆီ
ညိုညရီကာရံတိမ်း
စိမ်းဖို့ဟန်ချီ ..

ပြုံးမသီ
ပုန်းလေသည့်ရှင်ထွေး
ပျိုချစ်သူအနေဝေးအောင်
ပြေးရက်တယ်လေး ...

ပျိုးယုဝသုန်
12:04:45 PM
26-09-2011
Monday ( BNE )

No comments: