Monday, 19 September 2011

မြစ်တစ်စင်းရဲ့အလင်္ကာ

ကြယ်စင်ခပင်း
ရံမလင်းလည်း 
လမင်းသူက သာဆဲပါ ..
မိုးပြေးမရောက်
သူမနှောက်လည်း
ပိတောက်သူက ပွင့်ဆဲပါ .. 
ချောင်းရေတစ်စင်း
သူမဆင်းလည်း
မြစ်မင်းသူက စီးဆဲပါ .. 
ငှက်ကျေးမမြည်
တေးမသီလည်း
နေခြည်သူက လင်းဆဲပါ .. 
မေတ္တာတရား
ဥပေက္ခာထားလည်း
အသွားသူက ထက်ဆဲပါ .. 

ပျိုးယုဝသုန်
3:21:40 am
15-09-2011
Thursday(BNE)

**Special Thanks to Soe Htet for Title Idea ** 

No comments: