Tuesday 13 September 2011

အဇ္ဈတ္တ ခံတပ်

ငါ့ခန္ဓာကို်ယ်တွင်းမှ
တစိမ့်စိမ့်စီးဆင်းနေတဲ့သွေး
ဟင်းလင်းပြင်အဝေးထိရောက်မလား
ဒါ ..ငါအလေးမထားဘူး.. 

ဒုက္ခကင်းတဲ့ခန္ဓာ
ဘယ်သူပိုင်ဆိုင်နိုင်မှာလဲ
ဘ၀ရဲ့ဝဲသြဃထဲလည်ရင်း
မြုတ်နစ်မသွားမှာ ..ငါ ..

အခါမသင့်တဲ့ တံခါးပေါက်
ဘာလို့လာခေါက်ချင်တာလဲ
အားမာန်ကင်းတဲ့ခန္ဓာ
ဒါ ..ငါမဟုတ်ဘူး ..

အားနည်းတဲ့ခန္ဓာပေမယ့်
ခိုင်မာတဲ့စိတ်ဓါတ်
မြင့်မြတ်တဲ့ စိတ်ထား
အရာရာကို ရင်ဆိုင်သွားမယ် ..

ပျော့ညံ့ခြင်းဆိုတာမရှိ
အားမာန်သတ္တိတွေနဲ့
မလျော့တဲ့လုံ့လ
သေခါမှ ချမဟဲ့
ဘဝရဲ့လမ်းတွေဟာ
ကြမ်းမယ်ဆိုတာသိပါတယ် ..

ပျိုးယုဝသုန်
4:55:58
13-09-2011
Tuesday (BNE)

** Special Thanks to Soe Htet for excellent title.. **

No comments: