Sunday 11 September 2011

မိုးခါးရေ

မိုးခါးရေတစ်ခွက်
ငါ့လက်ထဲမှာ ရှိခဲ့တယ် ..
မော့ကြည့်လိုက်ပါ
ကောင်းကင်နဲ့မြေပြင်ကြား
ပျံသန်းနေကြတာကများသားပဲ ..
အတွေးပွားနေလား 
ဘေးတရားကို မနာနဲ့
ဒေသရဲ့ကာလဟာ
အရာရာကိုပြောင်းစေတယ် ..
အတောင်ရှိလျက်နဲ့
အပျံခက်တဲ့
အိမ်မွေးငှက်တွေလည်းရှိကြတယ်...
မိုးပျံပူဖောင်းလို
ဟိုက်ဒြိုဂျင်ကိုလိုသလိုသုံးပြီး 
ခရီးနှင်သူတွေလည်းရှိကြတယ်..
ဝိဇ္ဖာပညာနဲ့
လိုရာခရီးရောက်
ပေါက်မြောက်သူတွေလည်းရှိကြတယ် ..
ပေါလောပေါ်နေတာလား 
ကိုယ်ပိုင်အစွမ်းနဲ့ရပ်နေလား 
ဆက်စပ်သိဖို့ခက်လိမ့်မယ် ...
ဓါတ်အားကုန်တဲ့တစ်နေ့
တရွေ့ရွေ့သက်ဆင်း
လားရာမြေတလင်းဟာ
ဆူးခင်းမနေဖို့တော့လိုပါတယ် ..
ကဲ ..
မိုးခါးရေတစ်ခွက်
ဒါ ..  ငါ့ အတွက်တဲ့လေ .....


ပျိုးယုဝသုန်
4:40:40 pm
11-09-2011
Sunday ( BNE )

No comments: