Wednesday 7 September 2011

ဝိရောဓိ မဲ့

ဘ၀မှာ
အခါခါမသေဖို့
တစ်စုံတရာကိုသတ်ရမယ် ..။
ဂုဏ်သိက္ခာအတွက်
စိတ်ချမ်းသာချက်ကို သတ်မှာလား..
စိတ်ချမ်းသာမယ်ဆို
ကြွယ်ဝတာကို သတ်မှာလား .. 
ကြွယ်ဝချမ်းသာဖို့
နှလုံးသားကိုတံစို့ထိုးမှာလား ...
နှလုံးသားကျန်းမာခြင်းအတွက်
ဂုဏ်သိက္ခာကို နင်းမှာလား .. 
စဉ်းစားရင်းတွေးရင်း
တွေဝေခြင်းဝိရောဓိ
ငါ့မှာမရှိတော့ဘူးလေ ..
အဖြေတစ်ခုအတွက်
နက်ရှိုင်းတဲ့အရာတစ်ခု 
ဒါကို ငါ အရင်းပြုခဲ့ပြီ ..
ဂုဏ်သိက္ခာအတွက်
တသက်တာစိတ်မရင်းနိုင်ဘူး ..
နှလုံးသားတွေအေးချမ်းဖို့
အမုန်းတရားတွေလည်းဝေးခဲ့ပြီ ..
ပကာသနဂုဏ်အင်မဲ့တဲ့အခါ
ငါ .. လူရာဝင်နိုင်သေးရဲ့လား..
ဘယ်လိုဖြစ်ပါစေ
အေးချမ်းရာမှာထီးတည်း
ချစ်ခင်သူ အနည်းငယ်နဲ့
ဘ၀ကိုနေတတ် 
ကျေနပ်နေတော့မယ် ...

ပျိုးယုဝသုန်
၁၆း၁၃ နာရီ
၇-၉ -၂၀၁၁
WED ( BNE)

No comments: