Sunday 31 July 2011

ရတနာ

အခြေမကျ
နေမလှ
ဘ၀မှာရှာရတနာ ..။
သာရာကူးကြ
ပျော်မြူးကြ
နှောင်ကင်းဘယ်ချိန်မှာ ..။
လောဘတွေဖက်
သောကစွက်
နောင်လည်းလည်နေမှာ..။
ဒေါသတရား
မသိငြား
မှောင်ကြားသည်ခန္ဒာ ..။
တရားရေအေး
အမြိုက်ဆေး
ရှာ ဝေးသည်ချိန်မှာ ..။
ဗြဟ္မစိုရ် တရား
လက်မှာထား
မှောင်ကားဘယ်နေရာ ..။
သောကဝေးချင်
စိတ်ပျော်ရွှင်
ပို့လျှင်ဒီမေတ္တာ ..။
မေတ္တာရေအေး
တိုက်ကာကျွေး
စိတ်ရေးလွန်ချမ်းသာ ..။
မုန်းသူများပင်
ချစ်ကာခင်
ကျင့်လျင်လွန်မြတ်တာ..။
ဘ၀မှာရှာ
ရတနာ
နောင်ခါမြတ်ဖို့ပင် ..။..။

ပျိုးယုဝသုန်
၃၁-၀၇-၂၀၁၁
၁၉း၄၃

No comments: