Sunday 31 July 2011

အမေ့စိတ်

ခွေးတွေကဟောင်
မိုးမှောင်မှောင်
အမောင်ဘယ်သွားလဲ ..။

ကြောက်ရွံ့စိတ်သွင်
သောက၀င်
မောင်ရှင်ဘယ်မှာလဲ ..။

ညဥ့်ဦးယံကျော်
သန်းခေါင်မော်
အမောင် နော်ပျောက်နေဆဲ..။

သန်းခေါင်ကျော်နောက်
မိုးယံသောက်
စိတ်နောက်မကြည်ကဲ ..။

မနက်လင်းပြီ
စိတ်မကြည်
ပူသည်မေ့ရင်ထဲ ..။

ဝေးဝေးမှသာ
သားမောင်ဝါ
မေ့ထံလာပြီပဲ ..။

သားငယ်ရေအေး
မေ့ရွှေသွေး
ငွေဝန်းလလိုဘဲ ..။

သားမျက်နှာမြင်
လန်းကြည်လင်
ပူပင်ကင်းပြီပဲ .....


ပျိုးယုဝသုန်
19:21 pm
29/07/2011

No comments: