Saturday 23 July 2011

နေ့သစ်




မိုးစက်တစ်ပေါက်
နှင်းတစ်ပေါက်နှင့်
မိုးသောက်မနက်
ရောက်ခဲ့ပြီ..။
စိုးကြောက်နေ့ရက်
ညဥ့်အိပ်မက်နှင့်
အတိတ်ရက်များ 
ကျန်ခဲ့ပြီ..။
အလင်းရောင်ဝါ
နေခြည်ဖြာလို့
ငှက်ကျေးသံလည်း
သာခဲ့ပြီ..။
ကိုယ်ပျော်ရွှင်ရာ
ကိုယ့်ကမ္ဘာကို
မကြာမနှေး
လာတော့မည်.။
ရင်ခွင်တံခါး
ဖွင့်ကာထားလို့
မေတ္တာလက်များ
ကမ်းကြသည်..။
နေ့သစ်တစ်ရက်
အစခက်လည်း
ဘ၀အတွက်အလင်း
မြင်ရပြီ ..။

ပျိုးယုဝသုန်

No comments: