Tuesday 19 July 2011

ခင်ခင်ပျို နောက်ဆက်တွဲ

ခင်ခင်ပျိုရေ

ငါမစောင့်လိုဘူး

မိုးတွေညိုနေတဲ့

ဒီမနက်မှာပေါ့ ..

စနေမိုးနဲ့အတူ

တာကျိုးခဲ့ရတဲ့

ငါတို့တွေရဲ့မျက်ရည်

ကြွေပြုန်းခဲ့ရတဲ့ နှလုံးသား

အတ္တသမားတွေရဲ့ သားကောင်ဖြစ်ခဲ့တယ် ..

တကယ်လို့များ

ဖျောက်ဖျက်လို့ရသားဆို

 ၁၉  ဆိုတဲ့နေ့ရက်

ဇူလိုင်လရဲ့တစ်ရက်ကို

ပျောက်ပျက်အောင်ဖျက်ချင်ရဲ့ ..

ခင်ခင်ပျိုရေ

တကယ်ကို ငါမစောင့်လိုတော့ဘူး

အဲဒီနေ့လေး မရှိဖို့ကို .. 


ပျိုးယုဝသုန်

***  ဆရာအောင်ချိမ့် ရဲ့ ခင်ခင်ပျို  ကို တိုင်တည်ပြီး ရေးထားတာပါ  ***

No comments: