Tuesday 3 May 2011

ဆန္ဒမွန်

မနက်လင်းစ သည်ချိန်ခါ
နေမင်းရောင်ခြည်ဖြာ
ငှက်ကလေးတွေတေးသံကြား
ပျော်ရွှင်ကြစေသား  ..
စကားလုံးတွေ ပန်းလိုစီ
ချစ်ခြင်းလရာသီ
ရင်ခုန်ခြင်းတွေ တို့တွေကြား
ရှည်ကြာရစေသား ..
ရွှေလက်တွဲလို့ တူပျော်ပျော်
ခရီးနှင်စို့နော်
မင်းရယ် ကိုယ်ရယ် သစ္စာထား
နေနိုင်ရစေသား ..

No comments: