လမလင်းတဲ့
ညခင်းတစ်ခုမှာ
ကြယ်အလင်းနဲ့အတူ ရှိခဲ့တယ် ..
ပိုးပုရစ်တို့ရဲ့
တကျီကျီ မြည်သံအဆုံး
ငါလည်းညကို မုန်းသွားတယ် ..
နတ်သျှင်နောင်ရဲ့
ရတုတွေနဲ့အိပ်စက်
အိပ်မက်ဖို့အခွင့်ရေး
ငါနဲ့ဝေးသည်ထက်ဝေးခဲ့တယ် ..
မဟတ္တမဂန္ဒီ ရဲ့မေတ္တာ
အီမယ်လ်ဒါမားကို့စ် ရဲ့ဖိနပ်တွေကြား
စိတ်ကူးနဲ့ခရီးသွားရင်း
အရှေ့အလယ်ပိုင်းလည်းရောက်ခဲ့တယ် ..
ကွဲကြေရတဲ့စိတ်အစဉ်ကို
ပြန်လှည့်မယ်ပြင်တုန်း
ဗြုန်းကနဲ ဆို
အသံဆိုးတစ်ခုကြောင့် နိုးခဲ့တယ် ..
“............................. ”
No comments:
Post a Comment