Sunday 1 May 2011

မျှော်လင့်ခြင်းကွင်းပြင်

တခါက
မျှော်လင့်ခြင်းကွင်းပြင်မှာ
ပန်းရောင်စုံတွေပွင့်ဖူးတယ် ..
ဖြူဖြူလွလွ
မွှေးမြမြ နဲ့
စံပါယ်ပန်းလေး ပွင့်ဖူးတယ် ..
ရဲရဲရင့်ရင့်
ပွဲလယ်တင့်သည့်
ဆူးနှင့်နှင်းဆီ လည်းပွင့်ဖူးတယ် ..
မယိမ်းမယိုင်
ကျောက်စာတိုင်ပေါ့
သစ္စာပန်းခိုင် လည်းပွင့်ဖူးတယ် ..
ဟန်ပန်အဆင်း
မာန်ကိုတင်းတဲ့
သစ်ခွမင်းလည်း ပွင့်ဖူးတယ် ..
ယခုတော့လည်း
ရနံ့ကွယ်မှောက်
ပန်းတွေပျောက်လို့
ထီးတည်းကမ္ဘာ
ကိုယ်သာကျန်သည်
ထပ်မံမျှော်လင့်နေဦးမည် ...

No comments: