Wednesday 17 September 2014

စာမျက်နှာများ အကြောင်း ( ၅ )




မျှော်လင့်ခြင်း ကောင်းကင်ဟာ အရောင်အသွေးစုံတဲ့တိမ်တိုက်တွေနဲ့ လှပနေတယ်။

မနက်ဖြန်တွေ ရှိလာတဲ့ ပစ္စုပ္ဗန်ကို ရရှိပြီးတဲ့နောက်မှာ ဘဝဟာ နေပျော်စရာဖြစ်လာတယ်။

စာကြည့်စာပွဲလို့ အမည်တပ်ထားပေမယ့် တကယ်ကြည့်ဖြစ်တာက စာမဟုတ်ပဲ တိတ်တဆိတ်ထောင်ထားတဲ့ ဓာတ်ပုံတစ်ပုံ ဖြစ်နေခဲ့တယ်။

သိဖို့မလို ပြောဖို့မလိုတဲ့ အကြောင်းအရာ အချို့ရဲ့အနောက်မှာ သိနေခြင်းတစ်ချို့ရှိနေခြင်းဟာ ကူးလူးဆက်သွယ်နေတဲ့ စိတ်တံခါး ဖွင့်ထားလို့ဖြစ်မယ်..။

တစ်နေဝင်သွားတိုင်း အားအင်အသစ်အချို့ ရရှိလာခဲ့လိမ့်မယ်လို့ ဘယ်တုန်းကမှထင်မှတ်မျှော်လင့် မထားဖူးခဲ့ဘူး။ မျှော်လင့်ခြင်းဟာ မနက်ဖြန်တွေကို လင်းလက်စေသလားပဲ။

ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေဟာ တကယ်တော့ မျှော်လင့်ခြင်းဆိုတာကနေအစပြုလာတာမဟုတ်လား။ အေးစက်ပေမယ့် နွေးထွေးတဲ့နေ့ရက်တွေဖြစ်လာလိမ့်မယ်လို့ မထင်ဘူးလားဟင်။

နေ့တာ အတိုအရှည်တွေထက် နာရီတွေ တိုမနေစေချင်တာက ဖြစ်ချင်မှု တစ်ခုပါ။အချိန်ဆိုတာကို လိုသလို ရပ်တန့်နိုင်၊ ကျော်ဖြတ်နိုင်ရင် ကောင်းမှာပဲလို့ တွေးမိတယ်။

တဆိတ် ..

စကားမစပ်  မျက်လုံးမှိတ်ပြီးခေါင်းကိုမော့ထားပေးပါ..။

နောက်ကျောဘက်က ပခုံး .. ခဏလောက်မှီအုံးပါရစေ..။

ပျိုးယုဝသုန်

1 comment:

Cameron said...

ကိုယ့်မျှော်လင့်ခြင်းကောင်းကင်မှာတော့ တိမ်တိုက်တွေက ညိုမှောင်လို့ရယ်..။ မုန်းတိုင်းပြီးရင်လေပြေလာမယ်ဆိုတာကိုတော့ ယုံတယ်..း)