Saturday 21 December 2013

ခရေ ပန်သူ


လမီးအိမ် ထိန်ထိန်လင်း
ဝင်းဖန့်တဲ့ ညအခါ
ရှင်းသန့်တဲ့ မြကဗ္မလာဝယ်
လှရာရာ ခြယ်ရွေး။

ခရေနွယ် သွယ်သီကုံးပါလို့
ကြယ်မင်းပုံ ခွေကာယှက်ကာဖြင့်
မယ့်ကေသာ ဆံညိုထွေးမှာ
မှေးလှည့်ပါလေး..။

မမဝသုန်
18-12-2013
Wednesday ( YGN )

1 comment:

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ခရေတစ်ကုံးလောက် ပန်ချင်လိုက်တာ။