Friday 20 December 2013

သစ္စာအိမ်


 
မီးမှိန်မှိန်
တို့နေတဲ့ အိမ်ကလေး
ထိန်ညီးနေမေတ္တာမီးအိမ်နှင့်
နွေးဆင့်နေသေး။

အမိုးတိမ်
တို့နေတဲ့အိမ်ကလေး
ချိုတေးသံလွှမ်းခြုံအေးကြည်ရဲ့
ငြိမ်းလျက်နေသေး။

အိမ်ရှေ့ကပန်းတစ်ပင်
မယ့်ခေါင်းတွင်အယဉ်ဆင့်စေကွယ့်
ပျိုးတဲ့ကိုရင်..။

ပန်းတော်ဝင်
မက်မမြင်တဲ့ခင်လေး
ကြူမွှေးရာ စံပယ်ဖူးသာ
ဦးခိုက်မှာ တွေး။


ပျိုးယုဝသုန်
06-12-2013
Friday (YGN)

No comments: