Tuesday 17 September 2013

မထိုက်တဲ့ ပန်း




ပန်ဆင်မယ် ရွယ်ရည်စူး
ခူးခဲ့တဲ့ ပန်းတစ်ငုံ
ရနံ့ထုံကြိုင်လှိုင်သင်း
ရှင်းသန့်ပြည့်စုံ
ပြောမယုံ
ကြုံလေမှ ရင်နာခဲ့
သည်ပန်းမှာ ရနံ့ထူးပေမယ့်
အဆိပ်သင့်နေခဲ့ ..။


ပျိုးယုဝသုန်
12-09-2013
Thursday (YGN)

5 comments:

Cameron said...

ဒီကဗျာလေးကိုလဲ အရမ်းကြိုက်တာပဲ.. ကဗျာတိုတွေစုပြီး စာအုပ်လေးထုတ်စေချင်တယ်.. ပျိုး...လုပ်လိုက်တော့ဟာ...အားပေးနေမယ်...း))

သိ င်္ဂါ ရ said...

ဆရာ မောင်စိန်ဝင်း ( ပုတီးတုန်း ) ရဲ့ စာသား တွေ နဲ့ ဦး ခင်မောင်တိုး ဆိုထားဖူးတဲ့ သီချင်းတချို့ ... သတိရမိတယ် ...

စံပယ်ချို said...

ပျိုးကဗျာလေးတွေက တိုတိုလေးနဲ့ရင်ကိုထိစေတယ်နော်

အောင်အောင် said...

ကဗျာတွေဟာစာရေးသူရဲ့ခံစားမှုကိုဖော်
ုပြနေပါတယ်၀၉၄၂၃၆၈၂၃၄၁

ကဗျာဆရာ said...

ခူးမိတဲ့ပန်း
++++++++++++++++++
သံသရာ ဒီအကြွေးကြောင့်
ရှေးရေစက် ဖန်လာပုံ။
ယုန်မြင်ရင် ခြုံမထွင်တတ်ပါဘူး
ယုံချင်မှ ယုံ။
ပန်းတငုံ
လွှမ်းခြုံနေ ဆိတ်ရည်လူး။
အဆိတ်ပြယ် မေတ္တာသင့်တယ်
ပန်းတစ်ပွင့်ခူး။ ။