Monday 19 August 2013

မရွာတဲ့မိုး

ရွာရန်ဆင်
ဟန်ပြင်တဲ့ သည်မိုး
လာနိုးငယ်မျှော်ကာကိုးပေမင့်
ညှိုးရင့်တဲ့ မိုး..။


မာန်ဝင့်လို့ သူဟန်ဆင်
တိမ်ရိပ်တွင် မင်ရည်သွင်း
ခင်းတဲ့သွင်ပြင်..။


မြောက်လေနှင်
တိမ်ခင် လွင့်ပြယ်ဆင်း...


ပယင်းရောင် သူလေကင်းပြီကွယ့်
ညှိုးပင့်ခြေရင်း..။



ပျိုးယုဝသုန်
5:52:33 PM
04-06-2013
Tuesday ( YGN )


4 comments:

စံပယ်ချို said...

တချို့က ဟန်ရေးပြသက်သက်ပဲနော် တကယ်တော့ သူမရွာဘူးလေ...................

Cameron said...

ချစ်စရာ့ မိုးကဗျာ.... မျက်စိထဲ မရွာဘဲ တိမ်ညိုတွေဆင်နေတာကို မြင်ရောင်လာစေတယ်...။

Aunty Tint said...

ကဗျာလေး အားပေးသွားတယ် ၀သုန်ရေ...
စကားမစပ် .. တီတင့်ရဲ့ လင့်ခ်အသစ်ပြောင်းပြီး ချိတ်လိုက်ပါအုံးနော် ..
www.auntytint.blogspot.com
လင့်ခ်အဟောင်းက အော်တိုပိတ်သွားလို့ :)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဒီကဗျာလေး ဖတ်ပြီးပြီးချင်း ရွာမယ်ဆိုရင်လေ ဆိုတဲ့ သီချင်းလေးကို မြတ် ပြေးဖွင့်လိုက်တယ်။

မိုး .. ရွာမယ်ဆိုရင်လေ သည်းလိုက်စမ်းပါ့ကွယ်..
ချိန်းပြီးတော့မှ မရွာရင်။ ။

ချစ်တဲ့
မြတ်