ငါ၏ကောင်းကင်
မြဲကြည်လင်လျက်..။
လျပ်နွယ်ပန်းခက်
ရံခါပြက်၍
လင်းလက်တိမ်ရောင်
ရံခါမှောင်သည်..။
လေပြည်အေးနှင့်
ရင့်သည်းမိုးစွေ
နွေ၏လေရူး
ရံခါမြူးသည်..။
မြည်ကျူးတေးဆို
ငှက်ကျေးပျိုလည်း
နားခိုနေရာ
ရံခါ ရှာသည်..။
မိုးပြာကောင်းကင်
သူ့ရင်ခွင်ထဲ
ဆွဲ၍မသွင်း
တပ်မက်ခြင်း
ချစ်ခြင်း ရင်မှ တည်ခဲ့သည်..။
ပျိုးယုဝသုန်
16-06-2013
Sunday (YGN)
4 comments:
မိုးပြာကောင်းကင်
သူ့ရင်ခွင်ထဲ
ဆွဲ၍မသွင်း
တပ်မက်ခြင်း
ချစ်ခြင်း ရင်မှ တည်ခဲ့သည်...:)
ရင်မှ ဖြစ်တည်ခဲ့ပါသော
ချစ်ခြင်းတွေက သိပ်ကို
တတ်မက်မှု့ ကင်းလှပါတယ်ဗျာ။
နည်းပညာ ရပ်ဝန်းစုံကို နာမည်ကော၊ လိပ်စာကော ပြောင်းလဲလိုက်ပါပြီခင်ဗျာ။ IT Field Network လို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ဘလော့လိပ်စာလေးကို ပြောင်းလဲ ကြည့်ရှုပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ။ ကျေးဇူးပါ။
ဘလော့လိပ်စာအသစ်မှာလည်း မမ၀သုန် ဘလော့ကို လင့်ခ်ချိတ်ထားပါတယ်ခင်ဗျာ။
www.itfieldnet.blogspot.com ကိုလာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်။
ခင်မင်စွာဖြင့်
ကောင်းထက်ထွန်း
အလုပ်တွေ များနေလား ဝသုန်ရေ။
ပျောက်နေတာ ကြာပြီနော် ..
ချစ်တဲ့
မြတ်
Post a Comment