Wednesday 12 June 2013

နတ်ဆက်ပန်း




ပန်းနွယ်ဖြူ ကြူကြူမွှေး
မယ်ရွေးလို့ ပန်စေချင်
ကွင်းအပြင် တစ်ဖက်နားက
ခူးခဲ့လားရှင်..။

မွှေးတယ်ထင်
မောင်ရင်ဆွတ်ပါနဲ့
နတ်သခင် ရှင်တော်မကို
ကြောက်လှတယ်ကွယ့်..။


ပျိုးယုဝသုန်
10:11:05 PM
12-06-2013
Wednesday (YGN)

5 comments:

Cameron said...

ဒီကဗျာလေးတော်တော်ချစ်စရာကောင်းတယ်

မိုးနတ်ကြယ်စင် said...

ဝိုးးးး ချစ်စရာ ကဗျာလေးးးးးးးးးးး :)

မိုးသူ(တောင်ကြီး) said...

ကဗျာလှလှလေးကိုခံစားသွားပါတယ် မမ၀သုန်ရေ

ခင်တဲ့

မိုးသူ(တောင်ကြီး)

kabyar sayar said...

စောင့်မျှော်သူ
ကြောက်တော်မူ ပူပါနဲ့။
နတ်ပန်းကို ရှောင်ကွင်းလို့
ဆောင်နှင်းပါလှဲ့။ ။

နွေတေးရှင် (မင်းဧရာ) said...

ကဗျာကို ဖတ်ပြီးတော့
နောက်တစ်ပုဒ်လောက်လေး
ဆက်လိုက်ရင် သိပ်ကောင်းမလားလို့ မ၀သုန်
ဒီလိုလေး လေ ( ကြောက်ပါနဲ့ ခင် ) အဲလိုမျိုးလေး စပ်ကြည့်ချင်သွားမိတယ် ။