Wednesday 27 March 2013

သားချော့ တေးသံ





ကလေးငို
တေးဆိုလို့ သူချော့ ၊
မော့ကာရယ် သည်လူလေးက
ပြေးလို့ကွယ် ဆော့..။

သူချော့တဲ့တေးသံချို
ငှက်ပျိုပင် မယှဉ်အား
ပျား ဝတ်ရည်လို..။

ဟော … ဟိုမှာ ဆို
ပန်းခိုတဲ့ လေညင်း
မေ့သံစဉ် သယ်သူနှင်းတယ်
သားချော့သီချင်း။



ပျိုးယုဝသုန်
11:55 PM
26-03-2013
Tuesday (BNE)

1 comment:

Aunty Tint said...

သားချော့တေးသံလေးရဲ့ ဆွဲဆောင်မှုကောင်းလို့
သားငယ်လေးအငိုတိတ်ပြီး ဆော့ကစားနေပြီ ၀သုန်...
ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်