မမ နှင့် PostPaid, PrePaid System
လွန်ခဲ့သော တစ်ပတ်ခန့်က
မမ ရန်ကုန်သို့ ရောက်လာခဲ့သည်။ ရန်ကုန်တွင် အင်တာနက်ကို အိမ်မှ မည်ကဲ့သို့ သုံးရမည်ကို
ရောက်ကာစတွင် မမ မသိပါ။ မမယခုနေထိုင်သော အိမ်တွင်လည်း အင်တာနက်လိုင်း ချိတ်ဆက်ထားခြင်း
မရှိပါ။ ထို့ကြောင့် အိမ်မှ အင်တာနက်သုံး၍ ရနိုင်ရန် မမ ကြံစည်ရတော့သည်။ မောင်လေးနှင့်
ညီမကလေးများ၏ ပြောပြချက်အရ ကွန်ပျူတာနှင့် အင်တာနက်သုံးရန် အခွင့်အရေးကို တွေ့ရှိခဲ့သည်။
ထို့ကြောင့်ရောက်သည့်နေမှစ၍
ဖုန်းလိုင်းမှ ဆယ်လူလာဒေတာဖွင့်ကာ Wifi လွှင့်သည်။ ထို့နောက် လွှင့်ထားသော Wifi ကို
ကွန်ပျူတာမှဖမ်းယူကာ အသုံးပြုရသည်။ အတော်ပင် အဆင်ပြေလှသည်။ လိုင်းကလည်း အတော်ကလေးပင်
ကောင်းပါပေသည်။ Facebook တွင် ဓါတ်ပုံတွေ တင်တော့လည်း လွယ်လွယ်ကူကူပင် တင်၍ရသည်။ ထို့အပြင်
Viber ဖြင့်လည်း သြဇီ မှ ကျေးဇူးရှင်များကို စကားပြောလိုက်သေးသည်။ လိုင်းကလည်း ကြည်လင်၏။ ထို့ကြောင့် ဝမ်းသာအားရပင် စကားပြောလိုက်
Facebook လေးကြည့်လိုက်၊ စာတိုက်ပုံးထဲမှ ဝင်ရောက်လာသော စာများကို စစ်ဆေးလိုက်၊
ပြန်စရာရှိသော စာများကို ပြန်လိုက်နှင့် အတော်ကလေး အဆင်ပြေပြေ ဖြစ်နေသည်။ ညဘက်တွင်
အိပ်လိုက်၊ မနက်ရောက်လျှင် လုပ်စရာ ရှိသည်များကိုလုပ်လိုက်၊ အပြင်ရောက်လျှင် ရံဖန်ရံခါ
အင်တာနက်ကလေး ဘာလေး စစ်လိုက်နှင့် ကျေနပ်နေသည်။
သိပ်မကြာပါ။ ဖုန်းထဲတွင်
Message တစ်ခုဝင်လာသည်။ “သင်၏စာရင်းတွင် လက်ကျန်ငွေသည် ကျပ်၂၀၀အောက်သို့ ရောက်နေပြီ”ဟူ၏။
ထိုအခါမှ မမ တစ်ယောက် ဘုရား တ ရတော့သည်။ ဖုန်းထဲတွင် ကျပ်၁၀၀၀၀ ကဒ် တစ်ကဒ် ထည့်ထားသည်မှာ
၂ရက်နှင့် တစ်ပိုင်းပင် မပြည့်သေး..။ ထိုအချိန်မှ မမ ဖုန်းကို မမ ပြန်စစ်ရတော့သည်။
ထိုအခါမှ မမ ၏ ပေါ့လျော့မှုကို တွေ့ရတော့သည်။
မမ သည် ဖုန်းမှ ဆယ်လူလာ ဒေတာကို တောက်လျောက် ဖွင့်ထားမိခဲ့ပါပေါ့။ ထိုအခါမှ အလျှင်အမြန် ပိတ်ရတော့သည်။
ထိုနေ့မှစ၍ မမသည် အချိန်တိုင်း အိပ်မက်ဆိုးမက်သကဲ့သို့ မိမိဖုန်းမှ
ဆယ်လူလာဒေတာ ဖွင့်ထားမိသလား၊ Wifi လွှင့်ထားမိသလားဟု
မကြာမကြာ စစ်ဆေးမိတော့သည်။ ယခု နောက်ထပ် ထည့်ထားသော ကျပ်၁၀၀၀၀ ကဒ်သည် ယခုအချိန်အထိတော့
မကုန်သေးပါ။ ဘယ်အချိန်ကုန်သွားမည်နည်းဟု ရင်တထိတ်ထိတ် နှင့်တော့ ဖြစ်နေသေးသည်။
အကယ်၍များ ကဒ်စနစ်ဖြင့်
မဟုတ်ဘဲ လကုန်၍ ငွေတောင်းခံလွှာလာမှ ကျသင့်ငွေ ရှင်းပေးရမည်ဆိုလျှင် …..၊ ဘုရား
..ဘုရား .. တွေးပင်မတွေးရဲတော့ပါ။
ထို့ကြောင့်
PostPaid စနစ်မှ prepaid စနစ်သို့ ပြောင်းလဲပေးခဲ့သော
ကျေးဇူးရှင်ကြီးများ ကိုသာ အဖန်ဖန် အခါခါ ဦးတိုက် နေရပါတော့သည်။
မမဝသုန်
06:27:43 PM
19-02-2013
Tuesday (YGN)
9 comments:
တော်သေးတာပေါ့။ ဘာမှသတိမပေးဘဲ လကုန်မှ ကျသင့်ငွေ ရှင်းရမယ်ဆို မည်ကလောက် များလိမ့်မည် မသိ။
အပြင်မှာ မ၀သုန် ဘုရားတနေပုံကို မြင်ယောင်ကြည့်မိပြီး
တဟားဟားကို ရယ်သွားတယ်ဗျာ။
ဟားးးးးးးဟားးးးးးးးးး
ဒီတစ်ခါတော့ တကယ်ရယ်မိသွားတယ် မ ရေ...:)
တော်သေးတာပေါ့နော်....မ နောက်ထပ်ထည့်ထားတဲ့
၁၀၀၀၀ တန်ကဒ် ဘယ်အချိန်မှာကုန်သွားမလဲ
စိတ်ဝင်စားနေတယ်ရှင် :P
ဟင် ... ဘယ်တုန်းကပြန်သွားပါလိမ့်။
ဟိ...စောစောစီးစီး သိလိုက်ရတာ ကံကောင်းလို့
မမတော့ ပထမlesson ရသွားပြီ
တီတင့်လည်း အင်တာနက်လိုင်း ပွင့်နေလားလို့ တစ်နေ့ကို အနည်းဆုံး သုံး လေးကြိမ်စစ်နေမိတာ အလုပ်တစ်ခုဖြစ်နေပြီ ၀သုန်ရေ၊ အိမ်မှာနေရင် ၀ိုင်မက်စ်ကြောင့် ဖွင့်ဘို့မလိုပေမယ့် အပြင်သွားတဲ့အခါ ဖွင့်သုံးမိတိုင်း ပြန်မပိတ်မိတာ အခါခါပေါ့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တော်သေးတာပေါ့ မမရေ..
ညီ မေ လး လ ည်း ဒီ လို ပဲ
Post a Comment