ကြင်ခွင့်ကင်း၍
ဖြစ်ခြင်းရယ်မှိုင်
ငင်ခိုင်ရနိုး
လှမျိုးမာန်သီ
ချုပ်ရီသွန်းထင့်
မုန်းတမ်းရင့်ထည်
လွင့်သည့်မကြင်နာစကား။
ခင်ခွင့်နှင်း၍
သစ်ဆင်းရွယ်တိုင်
ကြင်နိုင်ရနိုး
ဆတိုးပြန်ချီ
နှုတ်သီခွန်းဆင့်
ထုံးတမ်းကျင့်မည်
စွင့်သည့်အရှင်မှာစကား။
ရင်နှင့်ရင်း၍
ချစ်ခြင်းငယ်ပြိုင်
ယှဉ်နိုင်ရရိုး
ကကြိုးဟန်ချီ
လှုပ်လီရွှန်းတင့်
ပြုံးပန်းဝင့်လည်
တင့်သည့်သခင်ပါတကား။
ပျိုးယုဝသုန်
01:35:12 AM
09-01-2013
Wednesday (BNE)
4 comments:
ရတုပိုဒ်စုံ တိုတိုလေး။
ဖတ်လို့ ကောင်းလိုက်တာ။
ဘယ်လိုပြောရမှန်းတောင် မသိ။
ကာရန် လှလှလေးတွေနဲ့ 
ကဗျာလေးကလှတယ် မမ၀သုန်ရေ
ရင်နှင့်ရင်း၍
ချစ်ခြင်းငယ်ပြိုင်
ယှဉ်နိုင်ရရိုး
ကကြိုးဟန်ချီ
လှုပ်လီရွှန်းတင့်
ပြုံးပန်းဝင့်လည်
တင့်သည့်သခင်ပါတကား....
အဲနားလေးမှာ တကယ်ကြွေသွားတယ်မ...
အပေါ်ဘက်က အပုဒ်လေးတွေလဲ
လှတယ်မရေ..ချစ်စရာ ကဗျာလှလှလေးကို
ရင်နှင့်ရင်းပြီး ခံစားသွားတယ်နော်မ..:)
ကဗျာကိုဖတ်ပြီး
ဘယ်သူလဲဆိုတာကိုတောင် သိချင်သွားတယ်ဗျး))။
တော်ပါပေ့ဗျာ
သည်လို ရေးဟန် ရေးသားတွေ
ယခု ကာလမှာ ရှားသွားလို့ နှမျေားလှတယ်။
( မင်းဧရာ )
Post a Comment