Tuesday 8 January 2013

ပန်းကောက်သူ




လမ်းတစ်လျောက်
ပန်းကောက်ပါတဲ့ ပျိုကညာ
လှရာရာသီကာကုံးပါကွဲ့
ပြုံး လဲ့ကြည်စွာ ..။

မြ ဝါဝါ
လေဝေ့မှာ မြေခဆင်း
ပန်းခရေ ကြိမ်တစ်ခြင်းက
သင်းပျံ့လေခြင်း။


ပျိုးယုဝသုန်
7:15:55 PM
08- 01- 2013
Tuesday (BNE)


4 comments:

စံပယ်ချို said...

ကဗျာလေးဖတ်မိမှပဲ မိုးရွာဖို့ဆုတောင်အုန်းမယ်
ခရေတွေကောက်ချင်လို့လေ
မိုးရွာရင် ခရေတွေကြွေတယ်

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးကလှလိုက်တာ မမ၀သုန်ရေ

မိုးနတ်ကြယ်စင် said...


ကဗျာလေးက ဘာပြောရမှန်း
မသိအောင်ကို လှတယ်ဗျာ........:)
ချစ်တဲ့....မိုးနတ်

လင်းခေတ်ဒီနို said...

နူးညံ့တဲ့ ကဗျာတိုလေး တစ်ပုဒ်ပါ . . .