Sunday 6 January 2013

တောင်သူ့အတွေး





မိုးရိပ်တို့ညိုညို
မိုးပြိုလို့သည်းသည်း
တို့လယ်ယာ သည်အရပ်မှာ
သီးထပ်ပြီပဲ..။

ရွှေမိုးမည်းသည်းပါလေ
ဝါကျွတ်မှာ ကထိန်ပန်းဝေဖို့
ရွှဲလို့စိုစေ..။

တို့လယ်မြေ
သီးနှံဝေစည်စေရေး
နွားညီနောင် သည်ထွန်တုံးနှင့်
ရုန်းလိုက်မယ်လေး..။



ပျိုးယုဝသုန်
11:52:38 AM
06-01-2013
Sunday (BNE)

3 comments:

မိုးနတ်ကြယ်စင် said...

good !!!

မိုးသူ(တောင်ကြီး) said...

ချစ်စရာကောင်းတဲ့

ကျေးလက်ကဗျာလေးပါ

ကြိုက်တယ် မမ၀သုန်ရေ

ခင်တဲ့
မိုးသူ(တောင်ကြီး)

သူကြီးမင်း (တုံးဖလား) said...

ကဗျာလေးဖတ်ပြီး ရွာကို သတိရသွားတယ်။း(