Saturday 22 December 2012

ပန်းခက်များနှင့် တစ်ရက်တာ




ပွင့်ဖတ်ကရွှေဝါ
ညှာတံကမြစိမ်း
မြောက်လေမှာ ဟိုသည်တိမ်းပြန်ပေါ့
ယိမ်းနွဲ့နွဲ့ယိမ်း..။

ရှောင်တိမ်းငဲ့ပန်းမာလာ
လှရာရာသိမ်း
မြရည်လွှာ နံ့သာလိမ်းပြန်တော့
စိမ်းလဲ့လဲ့စိမ်း။

ရှိန်းသဲ့သဲ့ နန်းသူပမာ
မှန်းယူကာထိန်း
မြကြည်ပြာ အလွှာကိန်းပြန်ရော့
ငြိမ်းသွဲ့သွဲ့ငြိမ်း။



ပျိုးယုဝသုန်
03:35:58 AM
22-12-2012
Saturday (BNE)

3 comments:

စံပယ်ချို said...

စစချင်းအပိုဒ်မှာ ယိမ်းနွဲ့နွဲ့ယိမ်း
နောက်ဆုံးမှာ ငြိမ်းသက်သက်ငြိမ်း
အရမ်းလှတယ်

kabyar sayar said...

ယိမ်းနွဲ့နွဲ့ယိမ်း
စိမ်းလဲ့လဲ့စိမ်း။
(အဲ့)ကာရန် ပြန်ကာသိမ်းမယ်
ငြိမ်းလဲ့လဲ့ငြိမ်း။ ။
(မမဝသုန်ရဲ့ သိပ်လှတဲ့ကဗျာလေးတစ်ပုဒ်ကို
မပြီးနိုင်မစီးနိုင် ဆက်၍ဆက်ကာ တွေးကြည့်နေမိခြင်းသာ။)

မိုးသူ(တောင်ကြီး) said...

facebook မှာ ဖတ်ရတာ အားမရလို့ 

ဒီမှာတခေါက်ပြန်လာဖတ်တယ် မမ၀သုန်ရေ

ခင်တဲ့
မိုးသူ(တောင်ကြီး)