Wednesday 12 December 2012

တူ၍ မတူသော




ပိတုန်းရောင်ဖြာ
ကျော့ကေသာနှင့်
တင့်သည့်အသွင်
ကြေးမုံပြင်၌
စိုက်ကြည့်ခါခါ
ဤမျက်နှာတွင်
မြူစင်ကင်းပ
လှလွန်းရဟု
မဝ ရှုမိ
မြင်အသိ
မြဲ၏ထင်မှတ်ရှိခဲ့သည်။

နေ့ နေ့တွေကြွေ
ထွေထွေသောက
ရရှိကျွမ်းဝင်
ဖြစ်စဉ်လူမှု
ကုဋေစုသို့
ပူမှုမငြိမ်း
တရှိန်းရှိန်းတည်
မညီငယ်ဂုဏ်
ဇရာပုံက
တစ် စစ လု
ရှုတိုင်းမယဉ်
ငါ့အသွင်
ကြေးမုံပြင်ထက် ထင်ခဲ့ပြီ။



ပျိုးယုဝသုန်
09:20:12PM
12-12-2012
Thursday (BNE)

7 comments:

mstint said...

ကဗျာလေးခံစားအားပေးသွားတယ် ဝသုန်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တဖြင့်
အန်တီတင့်

Anonymous said...

အင်း...
ဇရာက ပြောပြီထင်ပါ့း))။

ကဗျာလေး ကောင်းတယ် မ၀သုန်ရေ...။


( မင်းဧရာ )

ကေပိုး said...

သံဝေဂ ရစေတယ်.. ပျိုးရေ...

စံပယ်ချို said...

ပျိုးရေ.....
သံဝေဂ ရတဲ့အသိလေးကိုကဗျာနဲ့ဖော်ပြလိုက်တာပေါ့နော်
ချစ်တဲ့

Anonymous said...

ရှုတိုင်းမယဉ်
ငါ့အသွင်
ကြေးမုံပြင်ထက် ထင်ခဲ့ပြီ။

မိုးသူ(တောင်ကြီး) said...

ရှုတိုင်းမယဉ်
ငါ့အသွင်
ကြေးမုံပြင်ထက် ထင်ခဲ့ပြီ။

ခင်တဲ့

မိုးသူ(တောင်ကြီး)

Harry said...

လှလိုက်တဲ့ လေးလုံးစပ်လေး