Wednesday, 7 November 2012

လွှတ်ချခြင်း




အလှမ်းဝေးလေတော့
ပန်းကလေးတွေလည်း
လွမ်းတေး ဆိုနေကြပြီ နော်..။

နှလုံးသားလည်း
ပြုံးမထားနိုင်တာ
အမုန်းတရားကြောင့်မှမဟုတ်တာ..။

တစ်နှစ်ပြီးတစ်နှစ်
အသစ်အသစ်သောအချစ်နဲ့
နစ်ပြီးရင်း နစ်သတဲ့..။

အပြစ်တော့မဆိုပါနဲ့
အချစ်ဆိုတဲ့သင်္ကေတ
စာလုံးပေါင်းမရခဲ့တာ
အသုံးမကျတာတဲ့လား..။

ပေါင်းလိုက်တိုင်းမှား
တွက်ထားတာတွေမမှန်
နောက်ဆုံးကျန်တာတောင်
အောင်မှတ်မသီနိုင်ခဲ့ဘူး..။

ရေးသူနဲ့ ဖတ်သူ
အိပ်မက်မတူကြလေတော့
တယူသန်အမြင်မှာ
လူဆန်ချင်တာပေါ့။

အိပ်မက်ကမ္ဘာအတွေးလည်း
ဝေးပြီးရင်းဝေးကွာ
ဒဏ်ရာရတဲ့စိတ်နဲ့
ငါလေ….
တိတ်တိတ်လေးပဲ အိပ်တော့မယ်..။



ပျိုးယုဝသုန်
9:50:39 AM
7-11-2012
Wednesday (BNE)

6 comments:

မင်းဧရာ said...

မိန်းမသား တစ်ယောက်ရဲ့ ရင်တွင်းခံစားမှု့ကို ဖွဲ့ဆိုထားတာပေါ့ မ၀သုန်.....ကဗျာကောင်းလေတွေ ရည်ရွယ်ရာဆီရောက်ပါစေဗျာ။

မိုးနတ်ကြယ်စင် said...

မရေ..မရေ..အဲလိုလွှတ်မချလိုက်နဲ့လေ..
ညလေးနာသွားပြီ...:P
မ ကဗျာလေးတွေ ..မ..စာလေးတွေက
ခါတိုင်းလိုပဲနူးညံ့နေတယ်..
ဖတ်မိတိုင်းလဲ နှစ်သက်ရပါတယ်မရယ်...
ချစ်တဲ့...မိုးနတ်

မိုးငွေ့........ said...

ဒီတခါ ကဗျာလေးက ကာရံတမျိုးလေးနဲ့လှနေတယ် ချစ်စရာလေး

မြတ်နိုးသူ said...


အလှမ်းဝေးလေတော့
ပန်းကလေးတွေလည်း
လွမ်းတေး ဆိုနေကြပြီ နော်..။
ဟုတ်တယ်အမပန်းကလေးတွေ
တကယ်ကိုလွမ်းတေးဆိုနေကြတယ်။
အားပေးသွားပါတယ်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာကလေး လှလိုက်တာ ဝသုန်။
နှစ်သက်သဘောကျမိတယ်ဆိုတာက နှစ်ခြိုက်ချစ်ခင်မိတယ် ဆိုရမလား။

ချစ်တဲ့
မြတ်

kabyar sayar said...

ရင်ထဲအထိရောက်တဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါ။