Saturday 6 October 2012

ကလေးကဗျာများ (၂၅) - သမီးလေး




လက်အုပ်ကလေး
ရင်မှာချီ
ဘုရားကန်တော့မည်..၊

မေမေသည်မှာ
တိုင်လို့ပေး
လိုက်ဆိုပါ့မယ်လေး…။

ယဉ်ယဉ်ကျေးတဲ့
သမီးငယ်
မိဘဂုဏ်ရောင်ထည်..၊

နှုတ်ရေးချိုတယ်
မျက်နှာလေး
အမြဲ ကြည်လင်အေး...၊
မေ့ ရင်နှစ်ကလေး...။


ပျိုးယုဝသုန်
1:20:24 PM
06-10-2012
Saturday (BNE)

4 comments:

စံပယ်ချို said...

ခေါင်းစဉ်နဲ့ ကဗျာ တထပ်တည်းပါပဲ
တကယ်ကိုကောင်းတဲ့ကဗျာလေးပေါ့
ချစ်တဲ့ jasmine

မိုးနတ်ကြယ်စင် said...

နူးညံ့လိုက်တာဗျာ.မ..
မရေးရင် အဲလိုအမြဲနူးညံ့နေတာ ဘာကြောင့်လဲ
အပြင်မှာ မြင်ဖူးချင်တယ်
တော်တော်ကို ကြင်နာတတ်မယ်ထင်တယ်နော်...

ညီရဲ said...

ကာရန်လေးတွေ ထိမိနေတာဘဲ... လိမ္မာယဉ်ကျေးတဲ့ ချစ်စရာ သမီးလေး တစ်ယောက်ကို ကဗျာထဲမှာ တွေ့ လိုက်ရတယ်...

မောင်ရေခဲ said...

တော်ပါပေရဲ့
ဘာသာရေးအသိဥာဏ်လေးတွေရိုက်သွင်းတတ်လို့လေ